ဖားကန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အခြေခံနိုင်ငံရေး (ဆင့်ပွား) သင်တန်းဖွင့်လှစ်

 

ဖားကန့်၊ ​အောက်​တိုဘာ ၂၉

ဖားကန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး၍ အခြေခံနိုင်ငံရေး (ဆင့်ပွား) သင်တန်း (၅ \၂၀၁၈) ကို အောက်တိုဘာ (၂၉) နေ့ နံနက်​ ၀၉း၀၀ နာရီအချိန်​တွင်​ လီဒိုလမ်းဒေသ၊ ဝါရာဇွပ်ကျေးရွာအုပ်စု၊ အောင်ရာကျေးရွာ ဦးချင်းနေအိမ်တွင်ပြုခဲ့ပြီး၊ သင်တန်းဖွင့်ပွဲတွင် အဖွင့်အမှာစကားကို မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းထွန်းမြင့်က ပြောကြားခဲ့ကာ သင်တန်းတွင် သင်တန်းသား /သူ (၇၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ​အောက်​တိုဘာလ (၂၉) ရက်​မှ (၃၁)ရက်​​နေ့ အထိ (၃) ရက်ဖွင့်​လှစ်​သွားမည်​ဖြစ်ကြောင်းသတင်းရရှိပါသည်။

ပြည်​ခိုင်​ဖြိုးပါတီကိုယ်​စားပြု အမျိုးသားလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း မြစ်ကြီးနားမြို့နယ် နန်း​ကွေ့​ကျေးရွာ၊ ကဘူဒမ်းနယ်​​မြေ​နေ မိဘပြည်​သူများနှင့် တွေ့ဆုံခြင်း

 

၂၉-၁၀-၂၀၁၈

ယ​နေ့ နံနက်​ ၁၀း၀၀ နာရီမှ ၁၁း၃၀နာရီ အချိန်​ထိ မြစ်​ကြီးနားမြို့နယ်​၊ နန်း​ကွေ့​ကျေးရွာ၊ ကဘူဒမ်းနယ်​​မြေ​နေ ပါတီဝင်​ ဦး​ယောဟန်​၏​နေအိမ်​၌ ပြည်​ခိုင်​ဖြိုးပါတီကိုယ်​စားပြု အမျိုးသားလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း ဦးဆီဟူး​ဒွေ့၊ ပြည်​နယ်​ပါတီ ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ ၊ မြစ်​ကြီးနားမြို့နယ်​ ပါတီအတွင်း​ရေးမှူး ဦးလာ​ပေါ်ဟူး၊ မြို့နယ်​ပါတီဘဏ္ဍာရေးမှူး ဦးဥက္ကာ၊ မြို့နယ်​ပါတီ​ကော်​မတီဝင်​ ဦးလန်းဇုန်းနှင့် နန်း​ကွေ့​ကျေးရွာ ​အောင်​နိုင်​​ရေး​ကော်​မတီဝင်​တို့က နန်း​ကွေ့​ကျေးရွာ၊ ကဘူဒမ်းနယ်​​မြေ​နေ မိဘပြည်​သူ (၅၀) ဦးနှင့်​ ​တွေ့ဆုံခဲ့ကြပါသည်​။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကချင်ပြည်နယ်အတွင်းရှိ ခရိုင် မြို့နယ် ရပ်ကျေးအဆင့် ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ

 

မြစ်ကြီးနား၊ အောက်တိုဘာ ၁၈

ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်း အဝေးခန်းမတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် ကျေးရွာ ပါတီအဆင့် တာဝန်ရှိသူများတွေ့ဆုံပွဲအခမ်းအနားကို အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်

မိုး​ကောင်းမြို့ပြည်​​ခိုင်​ဖြိုးပါတီ လူငယ်​​ရေးရာ​ကော်​မတီဝင်​များ ​သောင်​ဦး​ကျောင်းတိုက်​၌လုပ်​အားဒါန ကုသိုလ်​ယူ

 

မိုးကောင်း။အောက်တိုဘာ ၁၈

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ​ပြည်​​ထောင်​စုကြံခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ လူငယ်​ရေးရာ​ကော်​မတီဝင်​ ဒုတာဝန်​ခံ ဦးသန်းစိုး ဦး​ဆောင်​၍ ​အောက်​တိုဘာ (၁၈)ရက်​ နံနက်​ (၇းဝဝ)နာရီ အချိန်​တွင်​ ​သောင်​ဦး​ကျောင်းတိုက်​အတွင်းရှိ မြက်ခြုံနွယ်​များကို စက်​ဓား ၊​ပေါက်​ပြားများနှင့်​သန့်​ရှင်း​ရေးကို ကျား (၇ )ဦး၊ မ (၈)ဦး စု​စုပေါင်းအင်​အား (၁၅)ဦး ဖြင့်​ သန့်​ရှင်း​ရေး လုပ်​အားဒါန ကုသိုလ်​ယူလျက်​ရှိပါ​ကြောင်း သတင်းတင်​ပြလိုက်​ပါသည်​။

နိုင်ငံထူထောင်ဖို့ အခြေခံကောင်းများ ချမှတ်ထားပြီးဖြစ်တဲ့အတွက် အောင်မြင်အောင် အကောင်အထည် ဖော်နိုင်စွမ်းရှိမဲ့ အရည်အချင်းပြည့်ဝသူများကို ရွေးချယ်တာဝန်ပေးအပ်ရန်သာ အဓိက အရေးကြီးသည်ဟု ဥက္ကဋ္ဌ ဦးသန်းဌေး မြစ်ကြီးနားမြို့ရှိပြည်သူလူထုနှင့်တွေ့ဆုံပွဲတွင် ပြောကြား

 

မြစ်ကြီးနား၊ အောက်တိုဘာ ၁၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် မြစ်ကြီးနားမြို့ရှိ ပြည်သူလူထုတွေ့ဆုံပွဲနှင့် ပါတီဝင်အဆိုပြု လွှာစုပေါင်းပေးအပ်ပွဲကိုအခမ်းအနားကို အောက်တိုဘာလ ၁၇ရက်နေ့ နံနက်၈နာရီ အချိန်တွင် မြစ်ကြီးနားမြို့ရှိ ပြည်နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ပြု လုပ်ကျင်းပခဲ့သည်။

အခမ်းအနားကို နိုင်ငံတော်အလံအားအ လေးပြုပြီး နောက် နိုင်ငံတော်သီးချင်းကိုသံပြိုင်သီဆိုခြင်းဖြင့် အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့သည်။

ကျေးဇူးတော်ချီးမွမ်းသည့် ဝတ်ပြုဆုတောင်းပွဲပြုလုပ်

 

မြစ်ကြီးနား၊ အောက်တိုဘာ ၁၇

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်ရှိ ကချင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် ကျေးဇူးတော်ချီးမွမ်းသည့် ဝတ်ပြုဆုတောင်းပွဲပြုလုပ်ခဲ့သည်။

အစီအစဉ်အရ လော်ဝေါ်နှစ်ခြင်းအဖွဲ့ချုပ် ဓမ္မဆရာကောင်စီသဘာပတိ Rev.ဟန်းကောခေါင်ဇောင်း မှအစီအစဉ်ဆက်ကပ်ဆုတောင်းပြီး ဓမ္မသီချင်းအမှတ်စဉ် ၃၄၂ ဖြင့် ဂုဏ်တော်ချီမွမ်းသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲနှင့် လူထုတွေ့ ဆုံပွဲ ပါတီဥက္ကဌဦးသန်းဌေး တက်ရောက်

 

အောက်တိုဘာ – ၁၇ (မြစ်ကြီးနား)

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မြစ်ကြီးနားမြို့ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်ဆရာတော်နှင့် ဆရာတော်သံဃာတော်များအား ဖူးမျှော်ကြည်ညို

 

မြစ်ကြီးနား၊ အောက်တိုဘာ ၁၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အဖွဲ့ဝင်များသည် ယနေ့ ညနေ ၆ နာရီအချိန်တွင် မြစ်ကြီးနားမြို့ရှိ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်သို့ ရောက်ရှိကြပြီး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေတုမာလာ အမှူးရှိသော ဆရာတော် သံဃာတော်များအား ဖူးမျှော်ကြည်ညိုကန်တော့ကြပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ရွှေကူမြို့နယ် ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပ

 

ရွှေကူ အောက်တိုဘာ ၁၆

ကချင်ပြည်နယ် ရွှေကူမြို့နယ် ပြည် ခိုင်ဖြိုးပါတီမှ ကြီးမှူးကျင်းပသောဗဟို အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ် ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ ပြု လုပ်ခဲ့ရာ ဗန်းမော်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးဒေါ်ဝိုင်း၊ ခရိုင်ပါတီကော် မတီဝင်ဒေါ်နန်းစိုးစိုးအောင်၊ ရွှေကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးသန်း ထိုက်၊ ဘဏ္ဍာရေးမှူး ဦးမြင့်သန်းဦးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ကော် မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်၊ အမျိုးသမီးရေးရာကော် မတီဝင်များ စုစုပေါင်း ၁၂ဝ တက်ရောက် ခဲ့ကြသည်။

ဖားကန့်တွင် နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်းဖွင့်

 

ဖားကန့် အောက်တိုဘာ ၁၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီး မှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွား သင်တန်းအမှတ်စဉ်(၄/၂ဝ၁၈)ဖွင့်ပွဲ ကို ယမန်နေ့ နံနက် ၉ နာရီက ကာမိုင်းမြို့ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ကျင်းပရာ သဘာပတိ ခရိုင်ပါတီကော်မတီ ဝင် နယ်မြေတာဝန်ခံ ဦးစိုင်းသိန်း ထွန်းက အမှာစကားပြောကြားပြီး မြို့နယ်ပါတီအတွင်းရေးမှူးဦးထွန်း မြင့်က သင်တန်းဖွင့်လှစ်ရခြင်းရည် ရွယ်ချက်နှင့် ပို့ချပေးမည့် ဘာသာ ရပ်များကို ရှင်းလင်းပြောကြား သည်။