ရွှေကူမြို့နယ် ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပ

 

ရွှေကူ အောက်တိုဘာ ၁၆

ကချင်ပြည်နယ် ရွှေကူမြို့နယ် ပြည် ခိုင်ဖြိုးပါတီမှ ကြီးမှူးကျင်းပသောဗဟို အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ် ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ ပြု လုပ်ခဲ့ရာ ဗန်းမော်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးဒေါ်ဝိုင်း၊ ခရိုင်ပါတီကော် မတီဝင်ဒေါ်နန်းစိုးစိုးအောင်၊ ရွှေကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးသန်း ထိုက်၊ ဘဏ္ဍာရေးမှူး ဦးမြင့်သန်းဦးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ကော် မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်၊ အမျိုးသမီးရေးရာကော် မတီဝင်များ စုစုပေါင်း ၁၂ဝ တက်ရောက် ခဲ့ကြသည်။

ရှေးဦးစွာအခမ်းအနားကို နိုင်ငံတော် အလံအလေးပြု၍ နိုင်ငံတော်သီချင်းသီဆို ခဲ့ကြပြီး မြို့နယ်ပါတီအတွင်းရေးမှူး ဦးသန်းထိုက်က အဖွင့်အမှာစကားပြော ကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ကော်မတီဝင် ဒေါ်နှင်းအိဝေက ဗဟိုအမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲကျင်းပမည့် အစီ အစဉ်များ ရှင်းလင်းတင်ပြခဲ့၍သဘာပတိ အဖွဲ့ ပြန်လည်ထွက်ခွာခဲ့ကြပြီးအခမ်းအနား အစီအစဉ်ပထမပိုင်းကို ခေတ္တရပ်နားခဲ့ကြ သည်။

ထို့နောက် ဒုတိယပိုင်းကို နံနက် ၁၁ နာရီတွင် စတင်ဆောင်ရွက်ခဲ့ရာ အစုအဖွဲ့ လေးဖွဲ့ခွဲ၍ သက်ဆိုင်ရာခေါင်းစဉ် အလိုက် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြသည်။

အခမ်းအနားအစီအစဉ် တတိယပိုင်း ကို နံနက် ၁၁ နာရီ မိနစ် ၂ဝ တွင်စတင် ကျင်းပခဲ့ရာအစုအဖွဲ့လေးဖွဲ့မှစာတမ်းလေး စောင်အား အသီးသီးဖတ်ကြားတင်ပြခဲ့ကြ ၍ သဘာပတိအဖွဲ့က ဗဟိုအမျိုးသမီး ညီလာခံအကြိုနှီးနှောဖလှယ်ပွဲ၏တွေ့ရှိချက် များကိုမှတ်တမ်းတင်ခြင်း၊ ဆုံးဖြတ်ချက် ချခြင်းနှင့်ရှေ့လုပ်ငန်းစဉ်များအတည်ပြုခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြပြီး’ပြည်ခိုင်ဖြိုး ဟေ့’သီချင်းကိုသီဆိုကာအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဆီမီးခုံ-နန်းရီ