နိုင်​ငံခြား​ရေးဝန်​ကြီး {ငြိမ်း} ပြည်​ခိုင်​ဖြိုးပါတီဗဟိုအလုပ်​အမှု​ဆောင်​ ဦးဝဏ္ဏ​မောင်​လွင်​၏ အမရပူရမြို့နယ်​ ပါတီဝင်​အဆိုပြုလွှာ စု​ပေါင်း​ပေးအပ်​ပွဲ​ပြောကြားချက်​မှ ​ကောက်​နှုတ်​ချက်

– ကြားဖြတ်​​ရွေး​ကောက်​ပွဲမှာ ​ဒေသခံပြည်​သူများ၏ လိုအပ်​ချက်​ကို တင်​ပြဖြည့်​ဆည်း​ပေးနိုင်​​ရေးတွက်​ ပြည်​ခိုင်​ဖြိုးပါတီမှ ဝင်​​ရောက်​ ယှဉ်​ပြိုင်​သွားမည်​။

– ​ရွေး​ကောက်​ပွဲ​ကော်​မရှင်​၏ မှန်​ကန်​စွာ ​ဆောင်​ရွက်​နိုင်​မှု /မနိုင်​မှု၊ သမာသမတ်​ကျမှု/မကျမှု​တွေကိုလည်း ​ရွေး​ကောက်​ပွဲ ဝင်​​ရောက်​ယှဉ်​ပြိုင်​ရင်း ​လေ့လာဆန်းစစ်​သွားမည်​။

– ဒီမိုက​ရေစီဆိုတာ နိုင်​တဲ့သူက အနိုင်​စီးစတမ်းဆိုတဲ့ ကျင့်​စဉ်​ မဟုတ်​ပါ။ အနည်းစုဆန္ဒကို အ​လေးမထားရင်​ ဒီမိုက​ရေစီကို အနိုင်​ကျင့်ရာ ​ရောက်​မည်​။

– ပြည်​ခိုင်​ဖြိုးလက်​ထက်​မှာ ဒီမိုက​ရေစီအတွက်​ အတိုက်​အခံ အင်​အားစုများကို လွှ​တ်​တော်​ထဲ​ ရောက်​​အောင်​ လုပ်​ခဲ့တယ်​။ လွှတ်​​တော်​တွင်း တင်​ပြမှုများကိုလည်း အ​လေးထားခဲ့တယ်​။

– နိုင်​သူ စားစတမ်းဆိုတာ ဒီမိုက​ရေစီနိုင်​ငံ​ရေးမှာ မရှိပါဘူး။ ဒီမိုက​ရေစီစနစ်​ကျင့်သုံးပါက ဒီမိုက​ရေစီကျင့်​စဉ်​ကို လိုက်​နာဖို့ လိုပါတယ်​။ သ​ဘောထားကြီးဖို့၊ အားလုံးပါဝင်​လာဖို့ လက်​တွဲ​ခေါ်ရန်​ လိုအပ်​ပါတယ်​။

– နိုင်​ငံအတွက်​ ငြိမ်းချမ်းသာယာဖို့၊ အလုပ်​အကိုင်​ အခွင့်​အလမ်း ရရှိပြီး စီးပွား​ရေးအဆင်​​ပြေ​ဖို့၊ လူမှု​ရေး အ​ခြေခံ​ကောင်းရရှိဖို့ လိုအပ်​မည်​ ဖြစ်​ပါတယ်​။

– လက်​ရှိအ​ခြေအ​နေမှာ စီးပွာ​ရေးအတွက်​ နိမ့်ကျတဲ့လုပ်​ငန်း​တွေကို ပြည်​ပနိုင်​ငံများအထိ သွား​ရောက်​လုပ်​ကိုင်​​နေကြတာ ဘယ်​​လောက်​များ​နေပြီလဲ။ ကိုယ့်ပြည်​တွင်းမှာ ​ပျော်​​ပျော်​ရွှင်​ရွှင်​ လုပ်​ကိုင်​နိုင်​ဖို့ တည်​​ဆောက်​​ပေးရန်​ လိုအပ်​ ​နေပါတယ်​။

– အခွန်​အခများ ​ကောက်​ခံရမည့်​ အ​ခြေခံစည်းမျဉ်း ရှိ​နေ​သော်​လည်း ​ပေး​ဆောင်​ရမည့်​ ပြည်​သူများ စီးပွား​ရေး အဆင်​မ​ပြေ၊ အခက်​အခဲရှိပါက ​ပြေလည်​သွားနိုင်​ပါ့မလား? – မိမိတို့ပါတီ အ​နေဖြင့် ပြည်​သူ့ခံစားချက်​ကို နားလည်​​ပေးနိုင်​တဲ့ အ​နေအထား၊ မိမိတို့လုပ်​ပိုင်​ခွင့်​ ရရှိပါက ​ဆောင်​ရွက်​​ပေးဖို့ အ​နေအထားများကို ပြင်​ဆင်​ထားပါတယ်​။
– အ​နောက်​တံခါးအ​ရေးနှင့်​ပတ်​သက်​၍ ပြည်​ခိုင်​ဖြိုးပါတီသည်​ ပြည်​ပ စွက်​ဖက်​မှုများကို တွန့်​ဆုတ်​​နေမည်​မဟုတ်​​ကြောင်း၊ ရဲရဲဝံ့ဝံ့ ​ဆောင်​ရွက်​သွားမည်​ဟု ​ထည့်​သွင်း​ပြောကြားခဲ့ပါသည်​။

Crdး ဦးသိန်းထွန်းဦး