နတ်မောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များ ဓမ္မစကြာ ရွတ်ဖတ်ပူဇော်

နတ်မောက်၊ သြဂုတ် ၅

မြတ်စွာဘုရားရှင်သည် သားသမင်တို့အား ဘေးမဲ့ပေးရာ မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးဦးတို့ရှောင်ကြဉ်ရန်၊ ဝဲယာအစွန်းလွန် လမ်းစဉ်နှစ်မျိုး လိုက်နာကျင့်ကြံရန် မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းစဉ်ခေါ် မဂ္ဂင်ရှစ်ပါး သစ္စာလေးပါးတို့ဖြင့် တန်ဆာဆင်အပ်သော ဓမ္မစက္ကပဝတ္တနသုတ္တန် (ဓမ္မစကြာ) တရားကို ဟောကြားတော်မူခဲ့ သည်။

မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် ဝါဆိုလပြည့်စနေနေ့ ညချိန်ခါဝယ် ဟောကြားခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ အနတ္တလက္ခ ဏ သုတ္တန်ကို ဟောတော်မူရာ ပဉ္စဝဂ္ဂီငါးပါးလုံး ရဟန္တာဖြစ်တော်မူကြသည်။ကမ္ဘာ လောကကြီးအတွင်း သံဃာ ရတနာဟူပင် ပေါ်ထွန်းလာပေသည်ဟု နာယူမှတ်သားရပါသည်။

နတ်မောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နတ်မောက်မြို့နယ်ရုံးတွင် ပါတီဥက္ကဋ္ဌ ဦးဇော်လတ်မိုးနှင့် ရပ်ကွက်ပါတီဝင်ဥက္ကဋ္ဌတို့က ဦးဆောင်ခဲ့ပြီး ဓမ္မစကြာဝတ်ရွတ်အသင်း အမျိုးသမီးလူငယ်များ မြန်မာသက္ကရာဇ် ၁၃၈ဝ ပြည့်နှစ် ဒုတိယဝါဆိုလပြည့်ကျော် ၇၊ ၈ ရက် စနေ၊ တနင်္ဂနွေ၊ အဖိတ်ဥပုသ်နေ့ ည ၆ နာရီခွဲမှစပြီး ဓမ္မစကြာတရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့သည်ကို သိရသည်။

ထွန်းမှီ (နတ်မောက်)