ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်၊ 5.8.2018

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌနှင့် ဇေယျာသီရိ မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လူငယ်ပါတီဝင်များ တွေ့ဆုံပွဲအခမ်းအနားအား ယနေ့ ၅.၈.၂၀၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဇေယျာသီရိမြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌ ဦးဝေလွင်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်း ၊ ပြည်ထောင်စုနယ်မြေပါတီကော်မတီဝင်များ၊ ဇေယျာသီရိမြို့နယ်မှ ပါတီကော်မတီဝင်များ၊ ပါတီဝင်လူငယ်များ စုစုပေါင်းအင်အား ၂၅၈ ဦး တက်ရောက်ကြပါ သည်။

တွေ့ဆုံပွဲအခမ်းအနားအား နိုင်ငံတော်သီချင်း သီဆိုဖွင့်လှစ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်းမှ တက်ရောက်လာသူများအား အဖွင့်အမှာစကားပြောကြားကာ ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌ ဦးဝေလွင်မှ တက်ရောက်လာသူများအား အမှာစကားပြောကြား၍ လူငယ်များကိုလည်း စွမ်းဆောင်ရည်မြှင့်တက်ရန် လိုအပ်သောနည်းလမ်းများအား ပါတီနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊ ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ် များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးပြီး တက်ရောက်လာသူများမှလည်း ပြန်လည်ဆွေးနွေးကာ အခမ်းအနားအား ပြည်ခိုင်ဖြိုးလူငယ်သီချင်း သီဆို၍ ပြီးမြောက်ခဲ့ပါသည်။

#DuWonKyal