ဖားကန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးချယ်တင်မြှောက်ပွဲ ကျင်းပ

ဖားကန့်၊ သြဂုတ် ၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကြားဖြတ်ရွေးချယ် တင်မြှောက်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်ရှိ မြို့နယ်ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ကျင်းပရာ သဘာပတိ ပြည်နယ်ပါတီကော်မတီဝင် ဦးမြအုန်းက အမှာစကားပြောကြားပြီး ခရိုင်ပါတီကော်မတီဝင် ဦးစိုင်းသိန်းထွန်းက ကြားဖြတ်ရွေးချယ်တင်မြှောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ ဦးအင်ဖရောင်းဂမ်နှင့် ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စု ပါတီ ကော်မတီဥက္ကဋ္ဌများက လုပ်ထုံးလုပ်နည်းများနှင့်အညီ လစ်လပ်လျက်ရှိသော မြို့နယ်ပါတီကော်မတီဝင်နေရာ တွင် ဦးမောင်မြင့်ကို အစားထိုးရွေးချယ်တင်မြှောက်ကြပြီး ဦးမောင်မြင့်က သဘာပတိအဖွဲ့ဝင်များရှေ့မှောက်၌ ကတိသစ္စာခံယူကာ အခမ်းအနားကို ကြွေးကြော်သံများဖြင့် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ဝင်းအောင်(မိုးကောင်း)