ပဲခူးတိုင်း​ဒေသကြီး၊​တောင်​ငူခရိုင်​၊အုတ်​တွင်းမြို့နယ်​တွင်​ ကျင်းပ​​သော ပါတီဝင်​အဆိုပြုလွှာ​ပေးအပ်​ပွဲနှင့်​လူထု​တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦသန်း​ဌေးတက်​​ရောက်​အား​ပေး

 

စက်​တင်​ဘာ(၂၈)၊အုတ်​တွင်း

ပဲခူးတိုင်း​ဒေသကြီး၊​တောင်​ငူခရိုင်​၊အုတ်​တွင်းမြို့နယ်​၊လက်​ပံခုံ​ကျေးရွာ၊​ဘောလုံးကွင်းတွင်​ ယ​နေ့နံနက်​(၉)နာရီ(၃၀)မိနစ်​မှ(၁၁)နာရီအထိ ကျင်းပ​သောပါတီဝင်​အဆိုပြုလွှာ​ပေးအပ်​ပွဲနှင့်လူထု​တွေ့ဆုံပွဲအခမ်းအနားသို့အခမ်း အနားသို့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဥက္ကဋ္ဌဦး သန်း​ဌေး တက်​​ရောက်​အား​ပေး ချီးမြှင့်​ခဲ့သည်​။

အခမ်းအနားအား နိုင်​ငံ​တော်​အလံအား အ​လေးပြု၍ နိုင်​ငံ ​တော်​သီချင်း သံပြိုင်​သီဆိုဖွင့်​လှစ်​ပြီး​နောက်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးသန်း​ဌေးက နှုတ်​ခွန်းဆက်​အမှာစကား​ပြောကြားခဲ့သည်

ဆက်​လက်​၍ ၂၀၁၈ခုနှစ်​ ကြားဖြတ်​​ရွေး​ကောက်​ပွဲတွင်​ပြည်​ခိုင်​ဖြိုးပါတီကိုယ်စားပြုဝင်​​ရောက်​ယှဉ်​ပြိုင်​မည့် အုတ်​တွင်းမြို့နယ်​၊မဲဆန္ဒနယ်​အမှတ်​(၁)တိုင်း​ဒေသကြီး လွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်းဦးဝင်းမြင့်​မှ မိတ်​ဆက်​စကား ​ပြောကြားခဲ့ပြီး​နောက်​ အုတ်​တွင်းမြို့နယ်​အတွင်း ​ကျေးရွာများမှ ပါတီသို့ဝင်​​ရောက်​လာ​သော ပါတီဝင်​သစ်​ စုစု​ပေါင်း(၁၀၀၅)ဦး၏ ပါတီဝင်​အဆိုပြုလွှာများကို ပါတီဝင် အသစ်​များကိုယ်​စား ပါတီဝင်​အသစ်​၃ဦးတို့က မြို့နယ်​ပါတီဥက္ကဋ္ဌထံ ပါတီမှစု​ပေါင်း​ပေးအပ်​ခဲ့ကာ ပါတီဝင်​အသစ်​တစ်​ဦးမှ ပါတီသို့ဝင်​​ရောက်​ရခြင်းအ​ကြောင်း ရှင်းလင်း​ပြောကြား၍ ပါတီဥက္ကဋ္ဌဦးသန်း​ဌေး ဦး​ဆောင်​​သော ပါတီ​ခေါင်း​ဆောင်​များက ပါတီဝင်​အသစ်​များ ပါတီရင်​ထိုးတံဆိပ်​များတပ်​ဆင်​​ပေးပြီး အခမ်းအနားအားအောင်​မြင်​စွာရုပ်​သိမ်းခဲ့သည်​။

ယ​နေ့ကျင်းပ​သော အခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးသန်း​ဌေးနှင့်​အတူ ပါတီအ​ထွေ​ထွေအတွင်း​ရေးမှူးဦး သက်​နိုင်​ဝင်း၊ပါတီဗဟိုအတွင်း​ရေးမှူးများဖြစ်​ကြ​သောဦးပိုက်​​ထွေး၊​ဒေါက်​တာ​ဒေါ်စန်းစန်းနွယ်​၊ပါတီဗဟိုအလုပ်​အမှု​ဆောင်​များဖြစ်​ကြ​သော ပဲခူးတိုင်းဒေသ ကြီးနယ်​​မြေတာဝန်​ခံဦးလှသိန်း၊ပဲခူးတိုင်း​ဒေသကြီးပါတီဥက္ကဋ္ဌဦး​စော​မော်​ထွန်း၊ပါတီဗဟို​ကော်​မတီဝင်​​များ၊ပဲခူးတိုင်း​ဒေသကြီး(အ​ရှေ့)ပါတီအတွင်း​ရေးမှူးဦး​ညီညီမြင့်​၊တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​များ၊ခရိုင်​ပါတီဥက္ကဋ္ဌနှင်​ခရိုင်​ပါတီ​ကော်​တီဝင်​များ၊အုတ်​တွင်းမြို့နယ်​မဲဆန္ဒနယ်​အမှတ်​(၁)တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်းဦးဝင်းမြင့်​၊အုတ်​တွင်းမြို့ နယ်​ပါတီဥက္ကဌဦး​..နှင့်​မြို့ နယ်​ပါတီ​ ကော်​မတီဝင်​များ၊ပါတီဝင်​များနှင့်​ပါတီကို ​ထောက်​ခံအား​ပေး​သောမဲဆန္ဒရှင်​ပြည်​သူများ အပါအဝင်​ စုစု​ပေါင်း (၃၀၀၀) ဦးခန့်​ တက်​​ရောက်​အား​ပေးခဲ့​ကြောင်း သိရသည်​။