ဖားကန့်တွင် နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်းဖွင့်

 

ဖားကန့် အောက်တိုဘာ ၁၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီး မှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွား သင်တန်းအမှတ်စဉ်(၄/၂ဝ၁၈)ဖွင့်ပွဲ ကို ယမန်နေ့ နံနက် ၉ နာရီက ကာမိုင်းမြို့ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ကျင်းပရာ သဘာပတိ ခရိုင်ပါတီကော်မတီ ဝင် နယ်မြေတာဝန်ခံ ဦးစိုင်းသိန်း ထွန်းက အမှာစကားပြောကြားပြီး မြို့နယ်ပါတီအတွင်းရေးမှူးဦးထွန်း မြင့်က သင်တန်းဖွင့်လှစ်ရခြင်းရည် ရွယ်ချက်နှင့် ပို့ချပေးမည့် ဘာသာ ရပ်များကို ရှင်းလင်းပြောကြား သည်။

သင်တန်းသို့ ကာမိုင်းမြို့ပေါ် ရှိရပ်ကွက် တစ်ရပ်ကွက်နှင့် ကျေး ရွာခြောက်ရွာတို့မှပါတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များနှင့်ပါတီဝင်များ စုစုပေါင်း ၅ဝ တက်ရောက်ကြပြီး သင်တန်းကို ယနေ့မှ ယခုလ ၁၇ ရက်အထိသုံးရက်ကြာဖွင့်လှစ်သွား မည်ဖြစ်ကြောင်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးအင်ဖရောင်းဂမ်ထံမှ သိရသည်။

ဝင်းအောင်(မိုးကောင်း)