နိုင်ငံထူထောင်ဖို့ အခြေခံကောင်းများ ချမှတ်ထားပြီးဖြစ်တဲ့အတွက် အောင်မြင်အောင် အကောင်အထည် ဖော်နိုင်စွမ်းရှိမဲ့ အရည်အချင်းပြည့်ဝသူများကို ရွေးချယ်တာဝန်ပေးအပ်ရန်သာ အဓိက အရေးကြီးသည်ဟု ဥက္ကဋ္ဌ ဦးသန်းဌေး မြစ်ကြီးနားမြို့ရှိပြည်သူလူထုနှင့်တွေ့ဆုံပွဲတွင် ပြောကြား

 

မြစ်ကြီးနား၊ အောက်တိုဘာ ၁၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် မြစ်ကြီးနားမြို့ရှိ ပြည်သူလူထုတွေ့ဆုံပွဲနှင့် ပါတီဝင်အဆိုပြု လွှာစုပေါင်းပေးအပ်ပွဲကိုအခမ်းအနားကို အောက်တိုဘာလ ၁၇ရက်နေ့ နံနက်၈နာရီ အချိန်တွင် မြစ်ကြီးနားမြို့ရှိ ပြည်နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ပြု လုပ်ကျင်းပခဲ့သည်။

အခမ်းအနားကို နိုင်ငံတော်အလံအားအ လေးပြုပြီး နောက် နိုင်ငံတော်သီးချင်းကိုသံပြိုင်သီဆိုခြင်းဖြင့် အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့သည်။

ထို့နောက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်း ပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သော အမျိုးသားလွှတ်တော် အမှတ် (၂)မဲဆန္ဒနယ် မြစ်ကြီးနားမြို့နယ် ကိုယ်စားလှယ်လောင်း၏ ဦးဆီဟူးဒွေ့၏ ကိုယ်ရေးအကျဉ်းကို အခမ်းအနားမှူး မှဖတ် ကြားပေးခဲ့သည်။

၎င်းနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် ” ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ဖွဲ့စည်းမှုသမိုင်းကြောင်းကို ပြန်ကြည့်ရင် ဖွဲ့စည်းပုံအခြေခံတစ်ကြိမ်ရေးဆွဲဥပဒေဆိုတာ တစ်ကြိမ်ရေးဆွဲပြီးတာနဲ့ တစ်သက်လုံးပြင်လို့မရ ပြင်ခွင့်မရှိတဲ့ အမျိုးအစားမဟုတ်ဘူး၊ ပြင်သင့်ပြင်ထိုက်တဲ့ အကျိုးအကြောင်း ညီညွတ်ဆီလျော်မှု ရှိတဲ့အခါမျိုးမှာ လိုအပ်သလို ပြင်လို့ရတယ်။ ဒါကြောင့် ၂၀၁၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ မကိုက်ညီလို့ အလုပ်လုပ်လို့မရဘူး၊ အုပ်ချုပ်ရေး ယန္တယားအတွက် နိုင်ငံစီးပွားရေး လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး စတာတွေအတွက် အဟန့်အတား အနှောင့်အယှက်ဖြစ်စေတယ်။ ပြင်မှရမယ် ဖျက်မှရမယ် ဖျက်မှရမယ်ဆိုတဲ့ တလွဲအပြစ်တင် တရားခံရှာတဲ့ လှုပ်ဆော်မှုမျိုးကို ကျွန်တော်တို့ လက်မခံနိုင်ပါဘူး။ နိုင်ငံထူထောင်ဖို့ အခြေခံကောင်းများ ချမှတ်ထားပြီးဖြစ်တဲ့အတွက် အောင်မြင်အောင် အကောင်အထည် ဖော်နိုင်စွမ်းရှိမဲ့ အရည်အချင်းပြည့်ဝသူများကို ရွေးချယ်တာဝန်ပေးအပ်ရန်သာ အဓိက အရေးကြီးတယ်လို့ တိုင်းရင်းသားညီအကို မောင်နှစ်မများကို တင်ပြလိုပါတယ် ” ဟု ပြောကြားခဲ့သည်။

ယင်းနောက် မြို့မိမြို့ဖ တစ်ဦးကကိုယ်စား လှယ် လောင်း ဦးဆီဟူး ဒွေ့အား ကြိုဆိုထောက်ခံ ကြောင်းကို ပြောကြားခဲ့ ပြီးနောက် ကိုယ်စားလှယ် လောင်းက ကြို ဆိုနှုတ်ခွန်းဆက်အမှာ စကားပြောကြားပေးခဲ့သည်။

ထို့နောက် ပါတီအဆိုပြုလွှာကိုပေးအပ်ခဲ့ပြီးနောက် ပါတီသို့ဝင်ရောက်လာ သော ပါတီဝင်အသစ်တစ်ဦးက မိမိ ဝင်ရောက်လာရသည့် အကြောင်းရင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပေးခဲ့သည်။

ယနေ့ပြု လုပ်ကျင်းပသော အခမ်းအနားကို ပါတီသီချင်းဖြင့်သီဆိုဖျော်ဖြေပြီး ကြွေကြော်သံ ၆ရပ်ဖြင့်ကြွေး ကြော် ခဲ့ကာ အခမ်းအနားကို ရပ်နားခဲ့သည်။

အခမ်းအနားသို့ ပြည်ထောင်ကြံ့ခို်င်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်၊ ပါတီဗဟိုအလုပ်အမှုဆောင် ကချင်ပြည်နယ် တာဝန်ခံဒေါက်တာအောင်မြတ်ဦး၊ ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးရားဝမ်ဂျုံး နှင့် ပြည်နယ် အဆင့်တာဝန်ရှိသူများ ခရိုင်/မြို့နယ်အဆင့်ရှိ ပါတီဝင်အကြီးအကဲများ ပါတီဝင်များ တိုင်းရင်းသား ရေးရာအဖွဲ့အည်းများမှ တာဝန်ရှိအကြီးအကဲများ အသင်းဝင်များ ဌာနေတိုင်းရင်းသားများ စုစုပေါင်း ၃၀၀၀ဦး တက်ရောက်ခဲ့ကြသည်။