ပြည်နယ်ပါတီဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ

 

မြစ်ကြီးနား စက်တင်ဘာ ၉

ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးရာဝမ်းဂျုံ ၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲတွင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ကိုယ်စား ပြု၍ ကချင်ပြည်နယ် မဲဆန္ဒနယ်မြေအမှတ်(၂)မှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်မည့် ဦးဆီဟူးဒွေ့ နှင့်အဖွဲ့သည် ယခုလ ၇ ရက် နံနက် ၁ဝ နာရီက မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများအား သွားရောက်တွေ့ဆုံပြီး ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့် ပြည်ခိုင်ဖြိုးပါတီ၏ မူဝါဒများ ရှင်းလင်းဆွေးနွေးခြင်းနှင့် ပါတီအောင်နိုင်ရေး စည်းရုံးဟောပြော ခြင်းများ ဆောင်ရွက်ခဲ့သည်။

ဝင်းအောင်(မိုးကောင်း)