မိုးကောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးအိမ်တွင်းမှုလက်မှုပညာ သင်တန်းဆင်းပွဲကျင်းပ

 

မိုးကောင်း သြဂုတ် ၆

မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာကော်မတီက ကြီးမှူး၍ သင်တန်း ကာလ ငါးရက်ကြာဖွင့်လှစ်ခဲ့သည့် အမျိုးသမီးအိမ်တွင်းမှုလက်မှု ပညာသင်တန်းအမှတ်စဉ်(၁/၂ဝ၁၈)ဆင်းပွဲကို ယနေ့မွန်းလွဲ ၂ နာရီခွဲ က မြို့နယ်ပါတီရုံး၌ ကျင်းပရာ မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်နှင့် မြို့နယ်ပါတီကော်မတီဝင် မြို့နယ်ပါတီအမျိုး သမီးရေးရာကော်မတီ တွဲဖက်တာဝန်ခံ ဒေါ်လီလီဆွေတို့က အမှာ စကားများပြောကြားကြသည်။

ထို့နောက် မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌက သင်တန်းထူးချွန်ဆု ရရှိသည့် မထက်ထက်လင်း(မြို့သစ်ကြီးကျေးရွာအုပ်စု)အား ဂုဏ်ပြု ဆုချီးမြှင့်ပြီး မြို့နယ်ပါတီကော်မတီဝင် ဦးစိုးနွယ်က သင်တန်းနည်းပြ ဆရာမ မြို့နယ်ပါတီကော်မတီဝင် အမျိုးသမီးရေးရာကော်မတီ တာဝန်ခံဒေါ်နန်းကြည်နှင့် မြို့နယ်ပါတီ အရန်ကော်မတီဝင် ဒေါ်အေး အေးလွင်တို့အား ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ထို့နောက် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌနှင့် အခမ်းအနားသို့ တက် ရောက်လာကြသူများသည်သင်တန်းသူများ၏ အိမ်တွင်းမှုလက်မှု ပညာလက်ရာပစ္စည်းများကို ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

ဝင်းအောင်(မိုးကောင်း)