မိုးကောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးအိမ်တွင်းမှု လက်မှုပညာသင်တန်းဖွင့်

 

မိုးကောင်း သြဂုတ် ၂

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ အမျိုးသမီးရေးရာကော်မတီကကြီးမှူး၍ အမျိုးသမီးများဘဝမြှင့်တင်ရေးနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုစေရေးအတွက် အမျိုးသမီးအိမ်တွင်းမှုလက်မှု ပညာသင်တန်း အမှတ်စဉ်(၁/၂ဝ၁၈)ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မိုးကောင်းမြို့ အရှေ့ရပ်ကွက်ရှိ မြို့နယ်ပါတီရုံး၌ကျင်းပရာ ခရိုင်ပါတီကော်မတီဝင်(နယ်မြေတာဝန်ခံ) ဦးတင်ဌေး၊ မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်နှင့် ကော်မတီဝင်များ၊ မြို့နယ်ပါတီအမျိုးသမီးရေးရာကော်မတီတာဝန်ခံနှင့်အဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်က အမှာ စကားပြောကြားပြီး မြို့နယ်ပါတီကော်မတီဝင် မြို့နယ်ပါတီအမျိုးသမီးရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါ်နန်းကြည်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
သင်တန်းသို့ သင်တန်းသူ ၁၅ ဦးတက်ရောက်ကြပြီး သင်တန်းနည်းပြဆရာမများ ဖြစ်သည့် မြို့နယ်ပါတီကော်မတီဝင် မြို့နယ်ပါတီအမျိုးသမီးရေးရာ ဒေါ်နန်းကြည်နှင့် ဒေါ်ခင်မာအေးတို့က အိမ်တွင်းမှုလက်မှုပညာများကို သင်တန်းကာလ ငါးရက်ကြာ သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းအောင်(မိုးကောင်း)