တနိုင်းမြို့တွင် အမျိုးသမီးအိမ်တွင်းမှုသင်တန်း (၁/၂ဝ၁၈) ဆင်းပွဲကျင်းပ

 

ဗန်းမော် သြဂုတ် ၁၄

ကချင်ပြည်နယ် တနိုင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ကြီးမှူး ကျင်းပခဲ့သော အမျိုးသမီးအိမ်တွင်းမှု သင်တန်း ၁/၂ဝ၁၈ ဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၃နာရီက တနိုင်းမြို့ မြို့နယ်ပါတီရုံး၌ ကျင်းပခဲ့ရာ ပြည်နယ်ပါတီအရန်ကော်မတီဝင် ဦးကေဆန်အောင်၊ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးမြင့်ကို၊အတွင်းရေးမှူးဦးဘောမ်ဆောင်နှင့်ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများ၊ သင်တန်းဆရာဆရာမများနှင့်သင်တန်းသူ များ၊ ဖိတ်ကြားထားသူများ စုစုပေါင်း ၅ဝ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ပါတီ အရန်ကော်မတီဝင်ဦးကေဆန်အောင် က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပါတီ လူငယ်တာဝန်ခံ ဦးအောင်လီက သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့ရာသင်တန်းသူများ ကိုယ်စားသင်တန်းသူ မဆိုင်းမိုင်ကလက်ခံယူခဲ့ပြီး မြို့နယ်ပါတီ အတွင်းရေးမှူး ဦးဘောမ်ဆောင်က သင်တန်းဆရာမများအား အမှတ် တရ လက်ဆောင်ပစ္စည်းပေးအပ်ခဲ့သည်။

ဆက်လက်၍ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့၍ ပြည်နယ်ပါတီအရန်ကော်မတီ ဝင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။ သင်တန်းကာလမှာ ယခုလ ၁၁ရက်မှ၁၃ ရက်အထိဖြစ်၍ သင်တန်းသူ၂ဝတက်ရောက်ခဲ့ ကြောင်း သိရသည်။

ဆီမီးခုံ-နန်းရီ