ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲကျင်းပ

 

ဖားကန့် ဇူလိုင် ၃၁

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဆိုင်းဘုတ်တင်ပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ အုပ်စု အမှတ်(၁)ရပ်ကွက် စမ်းသီတာကုန်းရှိ ကျေးရွာအုပ်စုပါတီကော်မ တီဥက္ကဋ္ဌ ဦးအေးချို၏နေအိမ်၌ ကျင်းပခဲ့သည်။

ဆိုင်းဘုတ်တင်ပွဲသို့ ကချင်ပြည်နယ်ပါတီကော်မတီဝင် ဦးမြအုန်း၊ မိုးညှင်းခရိုင်ပါတီကော်မတီဝင် ဦးစိုင်းသိန်းထွန်း၊ မြို့နယ်ပါတီကော်မတီ ဥက္ကဋ္ဌ ဦးအင်ဖရောင်းဂမ်နှင့်ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စု ပါတီကော်မတီဥက္ကဋ္ဌများနှင့်ကော်မတီဝင်များ၊ ပါတီဝင်များတက်ရောက် ကြသည်။

ဆိုင်းဘုတ်တင်ပွဲအပြီးတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီ ဝင်များသည် ဆိပ်မူကျေးရွာနှင့်ဆိုင်းတောင်ရွာဟောင်းကျေးရွာမှ ပါတီဝင် များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ပါတီရေးရာနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဝင်းအောင်(မိုးကောင်း)