ဒီဇင်ဘာ ၂၆
နီပေါနိုင်ငံ၏ လျှပ်စစ်မော်တော်ကား တင်သွင်းမှုသည် ဇူလိုင်လလယ်မှစတင်သည့် ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ်၏ ပထမ ငါးလတာကာလအတွင်း သုံးဆနီးပါး မြင့်တက်လာခဲ့ကြောင်း နီပေါနိုင်ငံ အကောက် ခွန်ဦးစီးဌာနက ဒီဇင်ဘာ ၂၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဒီဇင်ဘာ ၂၆
နီပေါနိုင်ငံ၏ လျှပ်စစ်မော်တော်ကား တင်သွင်းမှုသည် ဇူလိုင်လလယ်မှစတင်သည့် ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ်၏ ပထမ ငါးလတာကာလအတွင်း သုံးဆနီးပါး မြင့်တက်လာခဲ့ကြောင်း နီပေါနိုင်ငံ အကောက် ခွန်ဦးစီးဌာနက ဒီဇင်ဘာ ၂၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဒီဇင်ဘာ ၂၁
အစ္စရေးနိုင်ငံက ဟားမတ်စ်အဖွဲ့နှင့် နောက် ထပ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ရန်အသင့်ရှိကြောင်း အစ္စရေးသမ္မတ အိုင်ဇက်ဟာဂေါ့စ် က ပြောကြားသည်။ ဂါဇာဒေသတွင် ဓားစာခံ ၁၃၀ ခန့် ရှိနေသေးကြောင်း သိရသည်။
ဒီဇင်ဘာ ၂၀
အစ္စရေးနိုင်ငံသည် ဂါဇာကမ်းမြောင်ကမ်းမြောင် ဒေသအတွင်းသို့ ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ရေးအတွက် ကယ်ရင်ရှလွန်နယ်စပ်ဂိတ်ကို ဒီဇင်ဘာ ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ဂါဇာကမ်းမြောင်သို့ ထောက်ပံ့ရေးပစ္စည်းများ ၎င်းဂိတ်မှ ပထမဆုံးဝင်ရောက်မှုကို စတင်ခွင့်ပြုခဲ့သည်။
၎င်းနယ်စပ်ဂိတ်တွင် စစ်ဆေးမှုအများအပြားစတင်ဆောင်ရွက်နေပြီး ထောက်ပံ့ရေးပစ္စည်း အများအပြားကို ဝင်ရောက်ခွင့်ပြုကြောင်း အတည်ပြုခဲ့သည်။ ၎င်းနယ်စပ်ဖြတ်ကျော်သည့်ဂိတ်ဖွင့်လှစ်ရန် ဆုံးဖြတ်ချက်ကို အစ္စရေးဝန်ကြီး ချုပ် ဘင်ဂျမင်နေတန်ယာဟု၏ အစိုးရအဖွဲ့က ဒီဇင်ဘာ ၁၅ ရက်တွင် အတည်ပြုခဲ့သည်။
ဒီဇင်ဘာ ၁၅
အထက်လွှတ်တော် သို့မဟုတ် ကွန်ဂရက်လွှတ် တော်၏ ခွင့်ပြုချက်မရှိဘဲ သမ္မတတစ်ဦးဦးက နေတိုးအဖွဲ့မှ အမေရိကန်ပြည်ထောင်စု နုတ်ထွက်ခြင်းမှ တား ဆီးမည့် ဥပဒေတစ်ရပ်ကို ကွန် ဂရက်လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်သည်။
ဒီဇင်ဘာ ၁၁
ဒီဇင်ဘာ ၁၁
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏သားဖြစ်သူ ဟန်းတားဘိုင်ဒင်အား အခွန်တိမ်းရှောင်မှု ကိုးမှုဖြင့် စွဲချက်တင်ခဲ့ကြောင်း သိရသည်။ ဟန်းတားဘိုင်ဒင်အပေါ်ယခုစွဲချက်တင်လိုက်သည့် အခွန်တိမ်းရှောင်မှုများအပြင် ဒယ်လာဝဲလ်ပြည်နယ်တွင် စွဲချက်တင်ထားသည့် လက်နက်မှုများဖြင့်ပါ အရေးယူဆောင်ရွက်မည်ဆိုပါက လာမည့်နှစ်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် သမ္မတဘိုင်ဒင်၏ ကြိုးပမ်းမှုများအပေါ် အကျိုးသက်ရောက်မှုများရှိလာမည် ဖြစ်သည်။
ဒီဇင်ဘာ ၈
ဉာဏ်ရည်တုနည်းပညာ ပြိုင်ဆိုင်မှုများ ပြင်း ထန်လာချိန်တွင် ဂူဂဲလ်သည် ၎င်း၏ နောက်ဆုံး ပေါ်ဉာဏ်ရည်တုနည်းပညာမော်ဒယ်ကို ယမန်နေ့က စတင်မိတ်ဆက်ခဲ့ကြောင်း သိရသည်။ ၎င်း၏ Gemini ဟု အမည်ပေးထားသည့် ဉာဏ်ရည်တုနည်းပညာသည် စာသား၊ အသံနှင့် ဗီဒီယိုအပါ အဝင် အချက်အလက်များကို ပုံစံအမျိုးမျိုးဖြင့် ပေါင်းစပ်ပေးနိုင်သည်ဟု အမေရိကန်နည်းပညာကုမ္ပဏီဂူဂဲလ်က ပြောသည်။
ဒီဇင်ဘာ ၅
အိန္ဒိယနိုင်ငံ၏ အကြိုရွေးကောက်ပွဲတွင်လက်ရှိအာဏာရ ဘရာတီယာဂျနာတာပါတီ (BJP)က နိုင်ငံ ၏ အဓိကမဲဆန္ဒနယ် သုံးခုတွင် အနိုင်ရရှိခဲ့သည်။ ယခုကဲ့သို့ အနိုင်ရရှိခြင်းသည် ဝန်ကြီးချုပ်မိုဒီ တတိယအကြိမ် ရာထူးသက်တမ်းအတွက် အနိုင်ရရှိရန် ရှေ့ဆောင်လမ်းပြသည့်ပမာ ဖြစ်ခဲ့သည်။
ဒီဇင်ဘာ ၎
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မာရာဝီမြို့ရှိ တက္ကသိုလ်အားကစားရုံတစ်ခုတွင် ယမန်နေ့ နံနက်ပိုင်းက ကက် သလစ်ဘာသာဝင်များ စုဝေးလျက်ရှိစဉ် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာအနည်းဆုံးလေးဦး သေဆုံးပြီး အများအပြား ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။ အခင်းဖြစ်ပွားရာနေရာမှ ရိုက်ကူးထားသောဓာတ်ပုံများတွင် မီး လောင်ကျွမ်းနေသော ကြမ်းပြင်ပေါ်တွင် ပလတ်စတစ်ထိုင်ခုံများကို ပြသထားသည်။
ဒီဇင်ဘာ ၁
ဂါဇာ ကမ်းမြောင်ဒေသတွင် ဟားမတ်စ်အဖွဲ့ ၏ ထိန်းသိမ်းခြင်းခံခဲ့ရသည့် ထိုင်းနိုင်ငံသား ၁၇ ဦး ပြန် လည်လွတ်မြောက်ကာ နေရပ်ဖြစ်သည့် ထိုင်းနိုင်ငံသို့ ပြန်သွားခဲ့ကြောင်း အင်န်အိတ်ခ်ျကေ သတင်းတစ်ရပ်အရ သိရသည်။
ယခု ပြန်လည်လွတ်မြောက်လာသည့် ထိုင်းနိုင်ငံ သားများသည် ပထမအုပ်စုဖြစ်ပြီး အစ္စရေးနိုင်ငံ တောင်ပိုင်းသို့ ဟားမတ်စ်အဖွဲ့ဝင်ရောက်တိုက်ခိုက်စဉ်က ဓားစာခံများအဖြစ်ဖမ်းဆီးသွားခြင်းခံခဲ့ရသူများဖြစ်သည်။