အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒင္၏ သားျဖစ္သူဟန္းတားဘိုင္ဒင္အား အခြန္တိမ္းေရွာင္မႈမ်ားျဖင့္ စြဲခ်က္တင္ခံရ

ဒီဇင္ဘာ ၁၁

အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒင္၏သားျဖစ္သူ ဟန္းတားဘိုင္ဒင္အား အခြန္တိမ္းေရွာင္မႈ ကိုးမႈျဖင့္ စြဲခ်က္တင္ခဲ့ေၾကာင္း သိရသည္။ ဟန္းတားဘိုင္ဒင္အေပၚယခုစြဲခ်က္တင္လိုက္သည့္ အခြန္တိမ္းေရွာင္မႈမ်ားအျပင္ ဒယ္လာဝဲလ္ျပည္နယ္တြင္ စြဲခ်က္တင္ထားသည့္ လက္နက္မႈမ်ားျဖင့္ပါ အေရးယူေဆာင္ရြက္မည္ဆိုပါက လာမည့္ႏွစ္တြင္ ေရြးေကာက္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္မည့္ သမၼတဘိုင္ဒင္၏ ႀကိဳးပမ္းမႈမ်ားအေပၚ အက်ိဳးသက္ေရာက္မႈမ်ားရွိလာမည္ ျဖစ္သည္။

ဟန္းတားဘိုင္ဒင္အား စြဲဆိုထားသည့္အမႈမ်ားတြင္ အမႈႀကီးသုံးမႈႏွင့္အမႈငယ္ ေျခာက္မႈတို႔ပါဝင္ၿပီး ၎အမႈမ်ားတြင္ ၂၀၁၆ ခုႏွစ္မွ ၂၀၁၉ ခုႏွစ္အတြင္း အခြန္ ထမ္းေဆာင္ရန္ပ်က္ကြက္မႈႏွင့္ အခြန္ထမ္းေဆာင္ရာတြင္ အခြန္ေၾကညာလႊာ မမွန္မကန္ျပဳမႈမ်ား ပါဝင္သည္။

ဟန္းတားဘိုင္ဒင္သည္ ၂၀၁၆ မွ ၂၀၁၉ ခုႏွစ္အထိ အနည္းဆုံး ေဒၚလာ ၁ ဒသမ ၄ သန္းကို အခြန္ ေပးေဆာင္ရန္ ပ်က္ကြက္ခဲ့သည္ဟု စြဲခ်က္တြင္ေဖာ္ျပထားသည္။ ၎အခြန္တိမ္းေရွာင္ထားသည့္ ေငြမ်ားျဖင့္ ဇိမ္ခံဟိုတယ္မ်ား၊ ထူးျခားဆန္းျပားေသာကားမ်ားႏွင့္ မူးယစ္ေဆးဝါးမ်ားဝယ္ယူရန္အတြက္ သုံးစြဲခဲ့ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားသည္။

============

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ သားဖြစ်သူဟန်းတားဘိုင်ဒင်အား အခွန်တိမ်းရှောင်မှုများဖြင့် စွဲချက်တင်ခံရ

ဒီဇင်ဘာ ၁၁

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏သားဖြစ်သူ ဟန်းတားဘိုင်ဒင်အား အခွန်တိမ်းရှောင်မှု ကိုးမှုဖြင့် စွဲချက်တင်ခဲ့ကြောင်း သိရသည်။ ဟန်းတားဘိုင်ဒင်အပေါ်ယခုစွဲချက်တင်လိုက်သည့် အခွန်တိမ်းရှောင်မှုများအပြင် ဒယ်လာဝဲလ်ပြည်နယ်တွင် စွဲချက်တင်ထားသည့် လက်နက်မှုများဖြင့်ပါ အရေးယူဆောင်ရွက်မည်ဆိုပါက လာမည့်နှစ်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် သမ္မတဘိုင်ဒင်၏ ကြိုးပမ်းမှုများအပေါ် အကျိုးသက်ရောက်မှုများရှိလာမည် ဖြစ်သည်။

ဟန်းတားဘိုင်ဒင်အား စွဲဆိုထားသည့်အမှုများတွင် အမှုကြီးသုံးမှုနှင့်အမှုငယ် ခြောက်မှုတို့ပါဝင်ပြီး ၎င်းအမှုများတွင် ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း အခွန် ထမ်းဆောင်ရန်ပျက်ကွက်မှုနှင့် အခွန်ထမ်းဆောင်ရာတွင် အခွန်ကြေညာလွှာ မမှန်မကန်ပြုမှုများ ပါဝင်သည်။

ဟန်းတားဘိုင်ဒင်သည် ၂၀၁၆ မှ ၂၀၁၉ ခုနှစ်အထိ အနည်းဆုံး ဒေါ်လာ ၁ ဒသမ ၄ သန်းကို အခွန် ပေးဆောင်ရန် ပျက်ကွက်ခဲ့သည်ဟု စွဲချက်တွင်ဖော်ပြထားသည်။ ၎င်းအခွန်တိမ်းရှောင်ထားသည့် ငွေများဖြင့် ဇိမ်ခံဟိုတယ်များ၊ ထူးခြားဆန်းပြားသောကားများနှင့် မူးယစ်ဆေးဝါးများဝယ်ယူရန်အတွက် သုံးစွဲခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။