ပရိတ္သတ္တစ္ဦး Heart Attack ျဖင့္ ေသဆုံးမႈေၾကာင့္ ပြဲစဥ္ ေရႊ႕ဆိုင္း

ဒီဇင္ဘာ ၁၁

ဂရန္နာဒါႏွင့္ ဘီလ္ဘာအိုတို႔၏ လာလီဂါပြဲစဥ္ကို ပရိသတ္တစ္ဦး Heart Attack ျဖင့္ ေသဆုံးမႈေၾကာင့္ ေရႊ႕ဆိုင္းခဲ့ရပါတယ္။

ပြဲခ်ိန္(၁၇)မိနစ္တြင္ ဘီလ္ဘာအိုအသင္းက (၁-ဝ)ဂိုးျဖင့္ ဦးေဆာင္ေနစဥ္ ယင္းျဖစ္ရပ္ေပၚေပါက္ခဲ့ၿပီး အေရးေပၚကုသမႈမ်ား ျပဳလုပ္ခဲ့ေသာ္လည္း ေသဆုံးခဲ့ၿပီးေနာက္ ပြဲကို ေရႊ႕ဆိုင္းခဲ့ျခင္းျဖစ္ပါတယ္။

အဆိုပါပြဲကို ယေန႔(ျမန္မာစံေတာ္ခ်ိန္ ဒီဇင္ဘာလ 12 ရက္ နံနက္ 2:30 နာရီ)တြင္ ျပန္လည္ကစားမည္ျဖစ္ၿပီး ပြဲခ်ိန္(17)မိနစ္မွ ျပန္လည္စတင္ကစားမည္ျဖစ္ေၾကာင္း သိရပါတယ္။

===============

ပရိတ်သတ်တစ်ဦး Heart Attack ဖြင့် သေဆုံးမှုကြောင့် ပွဲစဉ် ရွှေ့ဆိုင်း

ဒီဇင်ဘာ ၁၁

ဂရန်နာဒါနှင့် ဘီလ်ဘာအိုတို့၏ လာလီဂါပွဲစဉ်ကို ပရိသတ်တစ်ဦး Heart Attack ဖြင့် သေဆုံးမှုကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။

ပွဲချိန်(၁၇)မိနစ်တွင် ဘီလ်ဘာအိုအသင်းက (၁-ဝ)ဂိုးဖြင့် ဦးဆောင်နေစဉ် ယင်းဖြစ်ရပ်ပေါ်ပေါက်ခဲ့ပြီး အရေးပေါ်ကုသမှုများ ပြုလုပ်ခဲ့သော်လည်း သေဆုံးခဲ့ပြီးနောက် ပွဲကို ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါပွဲကို ယနေ့(မြန်မာစံတော်ချိန် ဒီဇင်ဘာလ 12 ရက် နံနက် 2:30 နာရီ)တွင် ပြန်လည်ကစားမည်ဖြစ်ပြီး ပွဲချိန်(17)မိနစ်မှ ပြန်လည်စတင်ကစားမည်ဖြစ်ကြောင်း သိရပါတယ်။