ပုံပါကစားသမားသုံးဦးထဲမှ အနည်းဆုံးတစ်ဦးရောင်းထုတ်မည့် အာဆင်နယ်

13339599_1026486134112874_8132638873757652542_n

အာဆင်နယ်အသင်းဟာ အသင်းရဲ့ အင်္ဂလန်စတားများဖြစ်သော နောက်ခံလူ ဂဘ်စ်နှင့် တောင်ပံကစားသမား ဖြစ်သော ဝေါ်လ်ကော့နှင့် ချန်ဘလိန်တို့ထဲမှ အနည်းဆုံး တစ်ဦးအား ရောင်းထုတ်သွားမည်ဖြစ်ပါတယ်။ 

အဆိုပါ ကစားသမားသုံးဦးလုံးမှာ ယခုရာသီ အာဆင်နယ်အသင်း၌ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရသလို ဒဏ်ရာပြသာနာများအပြင် အင်္ဂလန်အသင်း၏ ယူရိုပြိုင်ပွဲဝင် အသင်းလူစာရင်းနှင့်လည်း လွှဲချော်ခဲ့ရပါတယ်။ 

အာဆင်ဝင်းဂါးမှလည်း ကွင်းလယ်လူ ဇာကာအား ခေါ်ယူနိုင်ခဲ့ပြီးနောက် ဗာဒီကိုလည်း ခေါ်ယူရန် နီးစပ်နေသည့် အနေအထားကြောင့် အသင်းရဲ့ ကစားသမားအချို့အား ရောင်းထုတ်ရဖို့ ရှိနေရာ ၎င်းတို့ သုံးဦးထဲမှ တစ်ဦးခန့် အနည်းဆုံး ထွက်ခွာရနိုင်ပါတယ်။

 

-Ref.Goal.com


Leave a Reply