ဒဏ္ရာရေနတဲ့ ဟာလန္း

ဒီဇင္ဘာ ၁၁

မန္စီးတီးနည္းၿပ ဂြါဒီယိုလာက ဟာလန္း ဘယ္အခ်ိန္မွာ ျပန္ကစားနိုင္မယ္ဆိုတာကို မသိရွိဘူးလို႔ ေျပာၾကားလိုက္ပါတယ္။ ဟာလန္းဟာ Bone Stress ျပႆနာေၾကာင့္ မေန႔ညက လူတန္နဲ႔ပြဲကို လြဲေခ်ာ္ခဲ့ပါတယ္။

သူဟာ အက္စတြန္ဗီလာကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ ေျခေထာက္အရိုးဒဏ္ရာ ရရွိခဲ့တာျဖစ္ၿပီး ဘယ္ေလာက္ၾကာၾကာ အနားယူရမလဲဆိုတာ မသိရွိနိုင္ဘဲ ေစာင့္ၾကည့္သြား႐ုံသာရွိေၾကာင္း နည္းျပဂြါဒီယိုလာက ေျပာပါတယ္။

ဒီသတင္းကေတာ့ မန္စီးတီးပရိသတ္ေတြအတြက္ သတင္းဆိုးျဖစ္ခဲ့ပါတယ္။ မန္စီးတီးဟာ လက္ရွိ ပရီးမီးယားလိဂ္မွာ အမွတ္ေပးခ်န္ပီယံဆုကို ကာကြယ္နိုင္ဖို႔၊ ေနာက္ထပ္ ဆုဖလား (၃) လုံးဆြတ္ခူးတဲ့ ႏွစ္ႏွစ္ဆက္ ရာသီျဖစ္ဖို႔ ပစ္မွတ္ထားေနတာလည္းျဖစ္ပါတယ္။

မန္စီးတီးစီးတီးဟာ ခ်ဲလ္ဆီး၊ လီဗာပူးနဲ႔ စပါးအသင္းေတြနဲ႔ ၃ ပြဲဆက္သေရက်ခဲ့ၿပီး ဗီလာကိုရႈံးနိမ့္ခဲ့တာလည္းျဖစ္ပါတယ္။

==============

ဒဏ်ရာရနေတဲ့ ဟာလန်း

ဒီဇင်ဘာ ၁၁

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဟာလန်း ဘယ်အချိန်မှာ ပြန်ကစားနိုင်မယ်ဆိုတာကို မသိရှိဘူးလို့ ပြောကြားလိုက်ပါတယ်။ ဟာလန်းဟာ Bone Stress ပြဿနာကြောင့် မနေ့ညက လူတန်နဲ့ပွဲကို လွဲချော်ခဲ့ပါတယ်။

သူဟာ အက်စတွန်ဗီလာကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ခြေထောက်အရိုးဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ဘယ်လောက်ကြာကြာ အနားယူရမလဲဆိုတာ မသိရှိနိုင်ဘဲ စောင့်ကြည့်သွားရုံသာရှိကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။

ဒီသတင်းကတော့ မန်စီးတီးပရိသတ်တွေအတွက် သတင်းဆိုးဖြစ်ခဲ့ပါတယ်။ မန်စီးတီးဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ အမှတ်ပေးချန်ပီယံဆုကို ကာကွယ်နိုင်ဖို့၊ နောက်ထပ် ဆုဖလား (၃) လုံးဆွတ်ခူးတဲ့ နှစ်နှစ်ဆက် ရာသီဖြစ်ဖို့ ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။

မန်စီးတီးစီးတီးဟာ ချဲလ်ဆီး၊ လီဗာပူးနဲ့ စပါးအသင်းတွေနဲ့ ၃ ပွဲဆက်သရေကျခဲ့ပြီး ဗီလာကိုရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။