ရိုဂေါ်စတာကိုနိုင်ပြီး အသက်ငယ်ဆုံးကစားသမား စံချိန်တင်ခဲ့သည့် ယူကရိန်းတင်းနစ်မယ်

သြစတြေးလျအိုးပင်းမှာ ယူကရိန်းတင်းနစ်မယ် မာတာကော့စ်ယွက်က သြစတြေးလျက ရိုဂေါ်စကာကို အနိုင်ယူပြီး  တတိယအဆင့်ကို တက်ရောက်နိုင်တဲ့ အသက်အငယ်ဆုံး ကစာသမားအဖြစ် စံချိန်တင်သွားပါတယ်။

အသက် ၁၅ နှစ်ပဲ ရှိသေးတဲ့ ကော့စ်ယွက်ဟာရိုဂိုစကာကို ၆-၃၊ ၇-၅ နဲ့ ၂ ပွဲ ပြတ်နဲ့ အနိုင်ယူပြီး ၁၉၉၇ ခုနှစ်နောက်ပိုင်း ဂရင်းစလင်းပြိုင်ပွဲရဲ့ အသက်အငယ်ဆုံး ကစာသမားအဖြစ် တတိယအဆင့်ကို တက်လှမ်း နိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်ပြိုင်ပွဲမှာ ကစားခဲ့တဲ့ အတွေ့အကြုံရှိတာက မိမိကိုကံကောင်းစေခဲ့ပြီး ဒီလိုပွဲကြီးတွေမှာ ဘယ်လို ကစားရမလဲဆိုတာ သိရှိခဲ့လို့ အနိုင်ရရှိခဲ့တာလို့ ကော့စ်ယွက်က  ဆိုပါတယ်။

ကမ္ဘာ့အဆင့် ၅၂၁ အဖြစ် သတ်မှတ်ခံထားရတဲ့ ကော့စ်ယွက်အနေနဲ့ တတိယအဆင့်မှာ တွေ့ဆုံမယ့် ပြိုင်ဘက်ကိုတော့ မသိရသေးပါဘူး။

သြစတြေးလျအိုးပင်းရဲ့ တတိယအဆင့်ကို ရှာရာဗိုဗာ၊ ဆီမွန်နာဟေးလက် စတဲ့ ကစားသမားတွေလည်း တက်ရောက်သွားပါတယ်။    (DVB)