ဖိလစ္ပိုင္နိုင္ငံေတာင္ပိုင္း၊ မာရာဝီၿမိဳ႕ရွိ တကၠသိုလ္အားကစား႐ုံတစ္ခုတြင္ ဗုံးေပါက္ကြဲမႈျဖစ္ပြား၊ ေလးဦးေသဆုံး

ဒီဇင္ဘာ ၄

ဖိလစ္ပိုင္နိုင္ငံေတာင္ပိုင္း မာရာဝီၿမိဳ႕ရွိ တကၠသိုလ္အားကစား႐ုံတစ္ခုတြင္ ယမန္ေန႔ နံနက္ပိုင္းက ကက္ သလစ္ဘာသာဝင္မ်ား စုေဝးလ်က္ရွိစဥ္ ဗုံးေပါက္ကြဲမႈတစ္ခု ျဖစ္ပြားခဲ့ရာအနည္းဆုံးေလးဦး ေသဆုံးၿပီး အမ်ားအျပား ထိ ခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္းသိရသည္။

ဒဏ္ရာရသူမ်ားကို ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း တာဝန္ရွိသူမ်ားက ဆိုသည္။ အခင္းျဖစ္ပြားရာေနရာမွ ရိုက္ကူးထားေသာဓာတ္ပုံမ်ားတြင္ မီး ေလာင္ကၽြမ္းေနေသာ ၾကမ္းျပင္ေပၚတြင္ ပလတ္စတစ္ထိုင္ခုံမ်ားကို ျပသထားသည္။

အဆိုပါဗုံးေပါက္ကြဲမႈသည္ အစၥလာမၼစ္ စစ္ေသြး ႂကြမ်ား၏ အၾကမ္းဖက္လုပ္ရပ္ျဖစ္သည္ဟု အာဏာ ပိုင္မ်ားက ယုံၾကည္ၿပီး စုံစမ္းစစ္ေဆးမႈမ်ား ေဆာင္ ရြက္လ်က္ရွိသည္။ သမၼတ ဖာဒီနန္မားကို႔စ္ဂ်ဴနီယာက အဆိုပါတိုက္ခိုက္မႈ၏ ေနာက္ကြယ္တြင္ ျပည္ပအၾကမ္းဖက္သမားမ်ား ရွိေနနိုင္ေၾကာင္း ရႈတ္ခ်ေျပာၾကားသည္။

“အျပစ္မဲ့သူေတြကို အၾကမ္းဖက္တဲ့ အစြန္းေရာက္ ေတြဟာ ကၽြန္ေတာ္တို႔ လူ႔အဖြဲ႕အစည္းရဲ့ ရန္သူေတြအျဖစ္ အျမဲမွတ္ယူခံရမွာပါ” ဟု မားကို႔စ္က ဆိုသည္။

နိုင္ငံ၏အႀကီးဆုံး စစ္ေသြးႂကြအဖြဲ႕ျဖစ္ေသာ မိုရိုအစၥလာမၼစ္လြတ္ေျမာက္ေရးအဖြဲ႕သည္ မင္ဒါနာအိုၿမိဳ႕၌ တိုက္ပြဲမ်ားအဆုံးသတ္ရန္အတြက္ ဖိလစ္ပိုင္အစိုးရႏွင့္ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ကို ၂၀၁၄ ခုႏွစ္တြင္ လက္မွတ္ေရးထိုးခဲ့သည္။ အဆိုပါအဖြဲ႕သည္ ၂၀၂၅ ခုႏွစ္တြင္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရအစိုးရ တစ္ ရပ္ထူေထာင္ရန္ ဦးတည္လုပ္ေဆာင္လ်က္ရွိသည္။

သို႔ေသာ္ အျခားေသာ လက္နက္ကိုင္အဖြဲ႕မ်ားက အဆိုပါ လႈပ္ရွားမႈကို ဆန႔္က်င္လ်က္ရွိၿပီး ေဒသ တြင္း၌ အၾကမ္းဖက္တိုက္ခိုက္မႈမ်ား မၾကာခဏ ျဖစ္ပြားလ်က္ရွိေၾကာင္း သိရသည္။

===============

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၊ မာရာဝီမြို့ရှိ တက္ကသိုလ်အားကစားရုံတစ်ခုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ လေးဦးသေဆုံး

ဒီဇင်ဘာ ၄

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မာရာဝီမြို့ရှိ တက္ကသိုလ်အားကစားရုံတစ်ခုတွင် ယမန်နေ့ နံနက်ပိုင်းက ကက် သလစ်ဘာသာဝင်များ စုဝေးလျက်ရှိစဉ် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာအနည်းဆုံးလေးဦး သေဆုံးပြီး အများအပြား ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။ အခင်းဖြစ်ပွားရာနေရာမှ ရိုက်ကူးထားသောဓာတ်ပုံများတွင် မီး လောင်ကျွမ်းနေသော ကြမ်းပြင်ပေါ်တွင် ပလတ်စတစ်ထိုင်ခုံများကို ပြသထားသည်။

အဆိုပါဗုံးပေါက်ကွဲမှုသည် အစ္စလာမ္မစ် စစ်သွေး ကြွများ၏ အကြမ်းဖက်လုပ်ရပ်ဖြစ်သည်ဟု အာဏာ ပိုင်များက ယုံကြည်ပြီး စုံစမ်းစစ်ဆေးမှုများ ဆောင် ရွက်လျက်ရှိသည်။ သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက အဆိုပါတိုက်ခိုက်မှု၏ နောက်ကွယ်တွင် ပြည်ပအကြမ်းဖက်သမားများ ရှိနေနိုင်ကြောင်း ရှုတ်ချပြောကြားသည်။

“အပြစ်မဲ့သူတွေကို အကြမ်းဖက်တဲ့ အစွန်းရောက် တွေဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ ရန်သူတွေအဖြစ် အမြဲမှတ်ယူခံရမှာပါ” ဟု မားကို့စ်က ဆိုသည်။

နိုင်ငံ၏အကြီးဆုံး စစ်သွေးကြွအဖွဲ့ဖြစ်သော မိုရိုအစ္စလာမ္မစ်လွတ်မြောက်ရေးအဖွဲ့သည် မင်ဒါနာအိုမြို့၌ တိုက်ပွဲများအဆုံးသတ်ရန်အတွက် ဖိလစ်ပိုင်အစိုးရနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို ၂၀၁၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါအဖွဲ့သည် ၂၀၂၅ ခုနှစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရ တစ် ရပ်ထူထောင်ရန် ဦးတည်လုပ်ဆောင်လျက်ရှိသည်။

သို့သော် အခြားသော လက်နက်ကိုင်အဖွဲ့များက အဆိုပါ လှုပ်ရှားမှုကို ဆန့်ကျင်လျက်ရှိပြီး ဒေသ တွင်း၌ အကြမ်းဖက်တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။