ေတာင္းဆိုခ်က္ေတြ မရပါက ဓ-ါးစာခံေတြ အသက္ဆုံးရႈံးရမယ္လို႔ ဟားမတ္စ္အဖြဲ႕ သတိေပး

ဒီဇင္ဘာ ၁၁

အက်ဥ္းသားေတြ ျပန္လႊတ္ေပးေရး သူတို႔ရဲ့ ေတာင္းဆိုခ်က္အေပၚ မလိုက္ေလ်ာဘူးဆိုရင္ ထိန္းသိမ္းထားတဲ့ ဓ-ါးစာခံေတြ ဂါဇာကေန အသက္ရွင္လ်က္ ျပန္ထြက္ခြာနိုင္မွာ မဟုတ္ဘူးလို႔ ဟားမတ္စ္အဖြဲ႕က တနဂၤေႏြေန႔ (ဒီဇင္ဘာ ၁၀) မွာ သတိေပး ေျပာဆိုလိုက္ေၾကာင္း သိရပါတယ္။
တစ္ခ်ိန္တည္းမွာပဲ စစ္ပြဲႏွစ္လေက်ာ္လာခဲ့အၿပီးမွာ ဂါဇာေဒသရဲ့ က်န္းမာေရးစနစ္ဟာ ၿပိဳလဲေနၿပီျဖစ္တယ္လို႔ ကမၻာ့က်န္းမာေရးအဖြဲ႕က ေျပာဆိုပါတယ္။
ဟားမတ္စ္အဖြဲ႕ဟာ ေအာက္တိုဘာ (၇) ရက္မွာ အစၥေရးနယ္ေျမအတြင္း ႐ုတ္တရက္ ဝင္ေရာက္တိုက္ခိုက္ျခင္းျဖင့္ အေသအေပ်ာက္မ်ားတဲ့ ပဋိပကၡ စတင္ခဲ့တာပါ။ ဟားမတ္စ္တို႔ရဲ့ တိုက္ခိုက္မႈအတြင္း လူ ၁၂၀၀ ခန႔္‌ေ-သဆုံးကာ ေနာက္ထပ္ ၂၄၀ ဝန္းက်င္ေလာက္ ဓ-ါးစာခံအျဖစ္ ဖမ္းဆီးေခၚေဆာင္သြားခံရတယ္လို႔ အစၥေရးအစိုးရ စာရင္းဇယားေတြအရ သိရပါတယ္။
ယင္းတိုက္ခိုက္မႈအေပၚ လက္တုန႔္ျပန္တဲ့ အစၥေရးတို႔ရဲ့ ျပင္းထန္တဲ့ ထိုးစစ္ေၾကာင့္ ဂါဇာေဒသ အေတာ္မ်ားမ်ားဟာ အပ်က္အစီးပုံေတြျဖစ္ခဲ့ရသလို လက္ရွိအထိ အမ်ိဳးသမီးနဲ႔ ကေလး အမ်ားစု အပါအဝင္ လူေပါင္း ၁၈၀၀၀ ေလာက္ ‌ေ-သဆုံးခဲ့ရၿပီျဖစ္တယ္လို႔ ဟားမတ္စ္ က်န္းမာေရးဝန္ႀကီး႒ာနက ဆိုပါတယ္။
“ဂါဇာေဒသ က်န္းမာေရးစနစ္ဟာ ယိုင္နဲ႔ ၿပိဳလဲေနပါၿပီ” လို႔ ကမၻာ့က်န္းမာေရးအဖြဲ႕ အႀကီးအကဲ တက္ဒရို႔စ္ အဒၵဟာနန္ ဂီဘရီယီဆပ္က ေျပာဆိုခဲ့ၿပီး ေဆး႐ုံ (၃၆) ႐ုံမွာ (၁၄) ႐ုံေလာက္ပဲ လုပ္ငန္းေဆာင္ရြက္နိုင္ေတာ့တယ္လို႔ ဆိုပါတယ္။
အလဲအလွယ္လုပ္ျခင္း၊ ေစ့စပ္ညႇိႏွိုင္းျခင္းနဲ႔ ေတာင္းဆိုခ်က္ေတြ လိုက္ေလ်ာျခင္း မရွိဘူးဆိုရင္ အစၥေရးအေနနဲ႔ သူတို႔ အက်ဥ္းသားေတြကို အသက္ရွင္လ်က္ ျပန္ရမွာမဟုတ္ဘူးလို႔ ႐ုပ္သံထုတ္ျပန္ခ်က္တစ္ခုမွာ ဟားမတ္စ္ ေျပာေရး ဆိုခြင့္ရွိသူတစ္ဦးက ေျပာဆိုသြားခဲ့ပါတယ္။
ဟားမတ္စ္အဖြဲ႕ အႀကီးတန္းအရာရွိတစ္ဦးျဖစ္သူ ဘာဆမ္နီယမ္က နိုဝင္ဘာလ အေႏွာင္းပိုင္းအတြင္း ေျပာဆိုခဲ့ရာမွာ အဖြဲ႕အေနနဲ႔ မိမိတို႔အက်ဥ္းသားအားလုံးနဲ႔ အစၥေရး စစ္သားအားလုံး အျပန္အလွန္ လဲလွယ္သြားဖို႔ အသင့္ရွိတယ္လို႔ ဆိုထားခဲ့ပါတယ္။
ဂါဇာေဒသတြင္းမွာ လက္ရွိအခ်ိန္အထိ ဓ-ါးစာခံ (၁၃၇) ဦး ရွိေနေသးတယ္လို႔ အစၥေရးက ေျပာဆိုၿပီး တဖန္ အစၥေရး အက်ဥ္းေထာင္ေတြထဲမွာေတာ့ ပါလက္စတိုင္း အက်ဥ္းသား (၇၀၀၀) ဝန္းက်င္ရွိေနတယ္လို႔ တက္ႂကြလႈပ္ရွားသူေတြက ေျပာဆိုခဲ့ပါတယ္။
Ref:CNA

============

တောင်းဆိုချက်တွေ မရပါက ဓ-ါးစာခံတွေ အသက်ဆုံးရှုံးရမယ်လို့ ဟားမတ်စ်အဖွဲ့ သတိပေး

ဒီဇင်ဘာ ၁၁

အကျဉ်းသားတွေ ပြန်လွှတ်ပေးရေး သူတို့ရဲ့ တောင်းဆိုချက်အပေါ် မလိုက်လျောဘူးဆိုရင် ထိန်းသိမ်းထားတဲ့ ဓ-ါးစာခံတွေ ဂါဇာကနေ အသက်ရှင်လျက် ပြန်ထွက်ခွာနိုင်မှာ မဟုတ်ဘူးလို့ ဟားမတ်စ်အဖွဲ့က တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၁၀) မှာ သတိပေး ပြောဆိုလိုက်ကြောင်း သိရပါတယ်။
တစ်ချိန်တည်းမှာပဲ စစ်ပွဲနှစ်လကျော်လာခဲ့အပြီးမှာ ဂါဇာဒေသရဲ့ ကျန်းမာရေးစနစ်ဟာ ပြိုလဲနေပြီဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောဆိုပါတယ်။
ဟားမတ်စ်အဖွဲ့ဟာ အောက်တိုဘာ (၇) ရက်မှာ အစ္စရေးနယ်မြေအတွင်း ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခြင်းဖြင့် အသေအပျောက်များတဲ့ ပဋိပက္ခ စတင်ခဲ့တာပါ။ ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုအတွင်း လူ ၁၂၀၀ ခန့်‌ေ-သဆုံးကာ နောက်ထပ် ၂၄၀ ဝန်းကျင်လောက် ဓ-ါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခံရတယ်လို့ အစ္စရေးအစိုးရ စာရင်းဇယားတွေအရ သိရပါတယ်။
ယင်းတိုက်ခိုက်မှုအပေါ် လက်တုန့်ပြန်တဲ့ အစ္စရေးတို့ရဲ့ ပြင်းထန်တဲ့ ထိုးစစ်ကြောင့် ဂါဇာဒေသ အတော်များများဟာ အပျက်အစီးပုံတွေဖြစ်ခဲ့ရသလို လက်ရှိအထိ အမျိုးသမီးနဲ့ ကလေး အများစု အပါအဝင် လူပေါင်း ၁၈၀၀၀ လောက် ‌ေ-သဆုံးခဲ့ရပြီဖြစ်တယ်လို့ ဟားမတ်စ် ကျန်းမာရေးဝန်ကြီးဋ္ဌာနက ဆိုပါတယ်။
“ဂါဇာဒေသ ကျန်းမာရေးစနစ်ဟာ ယိုင်နဲ့ ပြိုလဲနေပါပြီ” လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တက်ဒရို့စ် အဒ္ဒဟာနန် ဂီဘရီယီဆပ်က ပြောဆိုခဲ့ပြီး ဆေးရုံ (၃၆) ရုံမှာ (၁၄) ရုံလောက်ပဲ လုပ်ငန်းဆောင်ရွက်နိုင်တော့တယ်လို့ ဆိုပါတယ်။
အလဲအလှယ်လုပ်ခြင်း၊ စေ့စပ်ညှိနှိုင်းခြင်းနဲ့ တောင်းဆိုချက်တွေ လိုက်လျောခြင်း မရှိဘူးဆိုရင် အစ္စရေးအနေနဲ့ သူတို့ အကျဉ်းသားတွေကို အသက်ရှင်လျက် ပြန်ရမှာမဟုတ်ဘူးလို့ ရုပ်သံထုတ်ပြန်ချက်တစ်ခုမှာ ဟားမတ်စ် ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောဆိုသွားခဲ့ပါတယ်။
ဟားမတ်စ်အဖွဲ့ အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ ဘာဆမ်နီယမ်က နိုဝင်ဘာလ အနှောင်းပိုင်းအတွင်း ပြောဆိုခဲ့ရာမှာ အဖွဲ့အနေနဲ့ မိမိတို့အကျဉ်းသားအားလုံးနဲ့ အစ္စရေး စစ်သားအားလုံး အပြန်အလှန် လဲလှယ်သွားဖို့ အသင့်ရှိတယ်လို့ ဆိုထားခဲ့ပါတယ်။
ဂါဇာဒေသတွင်းမှာ လက်ရှိအချိန်အထိ ဓ-ါးစာခံ (၁၃၇) ဦး ရှိနေသေးတယ်လို့ အစ္စရေးက ပြောဆိုပြီး တဖန် အစ္စရေး အကျဉ်းထောင်တွေထဲမှာတော့ ပါလက်စတိုင်း အကျဉ်းသား (၇၀၀၀) ဝန်းကျင်ရှိနေတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောဆိုခဲ့ပါတယ်။
Ref:CNA