အစၥေရးနိုင္ငံက ကယ္ရင္ရွလြန္နယ္စပ္ဂိတ္ကို စတင္ဖြင့္လွစ္

ဒီဇင္ဘာ ၂၀

အစၥေရးနိုင္ငံသည္ ဂါဇာကမ္းေျမာင္ကမ္းေျမာင္ ေဒသအတြင္းသို႔ ကယ္ဆယ္ေရးပစၥည္းမ်ား ေပးပို႔ေရးအတြက္ ကယ္ရင္ရွလြန္နယ္စပ္ဂိတ္ကို ဒီဇင္ဘာ ၁၇ ရက္တြင္ ဖြင့္လွစ္ခဲ့ၿပီး ဂါဇာကမ္းေျမာင္သို႔ ေထာက္ပံ့ေရးပစၥည္းမ်ား ၎ဂိတ္မွ ပထမဆုံးဝင္ေရာက္မႈကို စတင္ခြင့္ျပဳခဲ့သည္။

၎နယ္စပ္ဂိတ္တြင္ စစ္ေဆးမႈအမ်ားအျပားစတင္ေဆာင္ရြက္ေနၿပီး ေထာက္ပံ့ေရးပစၥည္း အမ်ားအျပားကို ဝင္ေရာက္ခြင့္ျပဳေၾကာင္း အတည္ျပဳခဲ့သည္။ ၎နယ္စပ္ျဖတ္ေက်ာ္သည့္ဂိတ္ဖြင့္လွစ္ရန္ ဆုံးျဖတ္ခ်က္ကို အစၥေရးဝန္ႀကီး ခ်ဳပ္ ဘင္ဂ်မင္ေနတန္ယာဟု၏ အစိုးရအဖြဲ႕က ဒီဇင္ဘာ ၁၅ ရက္တြင္ အတည္ျပဳခဲ့သည္။

နိုဝင္ဘာလတြင္ လက္မွတ္ေရးထိုးၿပီး ေဆာင္ရြက္ခဲ့ေသာ ဓားစာခံမ်ား ျပန္လႊတ္ေပးေရး သေဘာတူညီခ်က္၏ စည္းကမ္းခ်က္မ်ားအရ ယခုနယ္စပ္ဂိတ္ကို ဖြင့္လွစ္ခဲ့ျခင္းျဖစ္သည္ဟု သိရသည္။ ဤသေဘာတူညီခ်က္အရအစၥေရးနိုင္ငံသည္ ဂါဇာကမ္းေျမာင္သို႔ အီဂ်စ္မွ အစားအစာႏွင့္ လူသားခ်င္းစာနာေထာက္ ထားမႈဆိုင္ရာအကူ အညီမ်ား ေန႔စဥ္ကုန္တင္ကား အစီး ၂၀၀ ျဖင့္ ဝင္ေရာက္ရာတြင္ အဆင္ေျပေခ်ာေမြ႕ေစရန္ ေဆာင္ ရြက္ေပးမည္ျဖစ္သည္။ သို႔ေသာ္လည္း အီဂ်စ္ႏွင့္ ဂါဇာကမ္းေျမာင္ၾကားရွိရာဖာနယ္စပ္ဂိတ္ကိုျဖတ္ေက်ာ္ကာ တစ္ရက္လၽွင္ ထရပ္ကား အစီးေရ ၁၀၀ သာ ျဖတ္သန္းနိုင္ခဲ့သည္။

အီဂ်စ္၊ အစၥေရးႏွင့္ ဂါဇာနယ္စပ္တြင္တည္ရွိေသာ ကယ္ရင္ရွလြန္နယ္စပ္ဂိတ္သည္ ရာဖာနယ္စပ္ဂိတ္ႏွင့္ ႏွိုင္းယွဥ္ပါက ဂါဇာကမ္းေျမာင္အတြင္း ကုန္စည္မ်ားအမ်ားအျပားေရာက္ရွိနိုင္သည့္ အေရးႀကီးေသာ လမ္း ေၾကာင္းျဖစ္ ေၾကာင္း သိရသည္။ အစၥေရး ၏ဗုံးၾကဲတိုက္ခိုက္မႈေၾကာင့္ ဂါဇာေဒသတြင္ အေျခခံအေဆာက္အအုံအမ်ားအျပား ပ်က္စီးခဲ့ၿပီး ေဒသတြင္း စားနပ္ရိကၡာေထာက္ပံ့ေရးကြင္းဆက္ ျပတ္ေတာက္ခဲ့သည္။

============

အစ္စရေးနိုင်ငံက ကယ်ရင်ရှလွန်နယ်စပ်ဂိတ်ကို စတင်ဖွင့်လှစ်

ဒီဇင်ဘာ ၂၀

အစ္စရေးနိုင်ငံသည် ဂါဇာကမ်းမြောင်ကမ်းမြောင် ဒေသအတွင်းသို့ ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ရေးအတွက် ကယ်ရင်ရှလွန်နယ်စပ်ဂိတ်ကို ဒီဇင်ဘာ ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ဂါဇာကမ်းမြောင်သို့ ထောက်ပံ့ရေးပစ္စည်းများ ၎င်းဂိတ်မှ ပထမဆုံးဝင်ရောက်မှုကို စတင်ခွင့်ပြုခဲ့သည်။

၎င်းနယ်စပ်ဂိတ်တွင် စစ်ဆေးမှုအများအပြားစတင်ဆောင်ရွက်နေပြီး ထောက်ပံ့ရေးပစ္စည်း အများအပြားကို ဝင်ရောက်ခွင့်ပြုကြောင်း အတည်ပြုခဲ့သည်။ ၎င်းနယ်စပ်ဖြတ်ကျော်သည့်ဂိတ်ဖွင့်လှစ်ရန် ဆုံးဖြတ်ချက်ကို အစ္စရေးဝန်ကြီး ချုပ် ဘင်ဂျမင်နေတန်ယာဟု၏ အစိုးရအဖွဲ့က ဒီဇင်ဘာ ၁၅ ရက်တွင် အတည်ပြုခဲ့သည်။

နိုဝင်ဘာလတွင် လက်မှတ်ရေးထိုးပြီး ဆောင်ရွက်ခဲ့သော ဓားစာခံများ ပြန်လွှတ်ပေးရေး သဘောတူညီချက်၏ စည်းကမ်းချက်များအရ ယခုနယ်စပ်ဂိတ်ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ဤသဘောတူညီချက်အရအစ္စရေးနိုင်ငံသည် ဂါဇာကမ်းမြောင်သို့ အီဂျစ်မှ အစားအစာနှင့် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာအကူ အညီများ နေ့စဉ်ကုန်တင်ကား အစီး ၂၀၀ ဖြင့် ဝင်ရောက်ရာတွင် အဆင်ပြေချောမွေ့စေရန် ဆောင် ရွက်ပေးမည်ဖြစ်သည်။ သို့သော်လည်း အီဂျစ်နှင့် ဂါဇာကမ်းမြောင်ကြားရှိရာဖာနယ်စပ်ဂိတ်ကိုဖြတ်ကျော်ကာ တစ်ရက်လျှင် ထရပ်ကား အစီးရေ ၁၀၀ သာ ဖြတ်သန်းနိုင်ခဲ့သည်။

အီဂျစ်၊ အစ္စရေးနှင့် ဂါဇာနယ်စပ်တွင်တည်ရှိသော ကယ်ရင်ရှလွန်နယ်စပ်ဂိတ်သည် ရာဖာနယ်စပ်ဂိတ်နှင့် နှိုင်းယှဉ်ပါက ဂါဇာကမ်းမြောင်အတွင်း ကုန်စည်များအများအပြားရောက်ရှိနိုင်သည့် အရေးကြီးသော လမ်း ကြောင်းဖြစ် ကြောင်း သိရသည်။ အစ္စရေး ၏ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂါဇာဒေသတွင် အခြေခံအဆောက်အအုံအများအပြား ပျက်စီးခဲ့ပြီး ဒေသတွင်း စားနပ်ရိက္ခာထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်ခဲ့သည်။