ပီရူးမူးယစ်ဆေးဝါးဂိုဏ်းခေါင်းဆောင်ကို ကိုလံဘီယာအစိုးရက လွှဲပြောင်းပေး

Peruvian Gerson Aldair Galvez Calle, known by his alias "Caracol", an alleged drug kingpin captured by Colombian police, is shown to the media at a military base in Bogota, Colombia, May 1, 2016. REUTERS/John Vizcaino TPX IMAGES OF THE DAY

မူးယစ်ဘုရင်တစ်ဦးဟု နာမည်ကျော်သူ ပီရူးနိုင်ငံသား ဂါဆင်အယ်ဒိုင်ယာဂေါဗက်ဇ်ကို ဖမ်းမိပြီးနောက် ကိုလံဘီယာရဲတပ်ဖွဲ့က မီဒီယာများအား ပြသနေစဉ် (John Vizcaino/reuters)

ပီရူးနိုင်ငံ၏ အလိုအရှိဆုံး လူတစ်ဦးအဖြစ် သတ်မှတ်ခံထားရသည့် မူးယစ်ဆေးဝါးဂိုဏ်း ခေါင်းဆောင်ဟုဆိုသူ ဂါဆင်ဂေါ ဗက်ဇ်ကို ကိုလံဘီယာနိုင်ငံက ပီရူးနိုင်ငံသို့ ပြန်လည်ပို့ဆောင်လိုက်သည်။ ကာရာကိုလ် (သို့မဟုတ်) ခရုဟုခေါ်သော ဂေါဗက်ဇ်ကို မယ် ဒင်လင်မြို့ရှိ ဈေးဝယ်စင်တာတစ် ခုတွင် ကိုလံဘီယာရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းတွင် လူဝင်မှုဆိုင်ရာ စာရွက်စာတမ်းများ မရှိသောကြောင့် ၂၄ နာရီအတွင်း ပီရူးနိုင်ငံသို့ နှင်ထုတ်လိုက်ကြောင်း အရာရှိများက ပြောသည်။ ၎င်းသည် ပီရူးနိုင်ငံ ကယ် လာအိုဆိပ်ကမ်းရှိ အင်အားကောင်းသော ကိုကင်းမှောင်ခို ဂိုဏ်းကို ဦးဆောင်နေသည်ဟု စွပ်စွဲခံထားရသည်။ ဂေါဗက်ဇ်၏ ဂိုဏ်းသည် ယင်းဒေသတွင် ဖြစ်ပွားသော လူသတ်မှုများနှင့် ဆက်စပ်မှုရှိသည်။

သို့သော် ၎င်းဖမ်းဆီးခံရပြီးနောက် ကိုလံဘီယာနိုင်ငံတွင် သတင်းထောက်များနှင့် ခေတ္တတွေ့ဆုံစဉ် ဂေါဗက်ဇ်က ယင်းစွပ်စွဲချက် များကို ငြင်းဆိုခဲ့သည်။ အဆိုပါဒေသရှိ ကြောက်စရာ အကောင်းဆုံး မူးယစ်ဂိုဏ်းခေါင်းဆောင်များအနက် တစ်ဦး ကို ဖမ်းဆီးနိုင်ခဲ့သဖြင့် ကိုလံဘီယာသမ္မတ မန်နူရယ်ဆန်းတို့စ်က ရဲတပ်ဖွဲ့ကို ချီးကျူးခဲ့သည်။

ဂေါဗက်ဇ်ကို ဖမ်းဆီးနိုင်ရေး သတင်းပေးနိုင်သူအား ကန်ဒေါ်လာ ၁၅၀,၀၀၀ ဆုငွေပေးမည်ဟု ပီရူးရဲတပ်ဖွဲ့က ကြေညာထား သည်။ ဂေါဗက်ဇ်သည် ပီရူးနိုင်ငံ၏ အကြီးမားဆုံး ကိုကင်းတင်ပို့သူ ဖြစ်ကြောင်း လာရီပက်ဘလီကာ သတင်းစာက ဖော်ပြသည်။   —Ref: BBC


Leave a Reply