ကစားသမား ၄ ဦးကို ေရာင္းခ်ရန္ မန္ယူအသင္းက ေဆာ္ဒီကလပ္မ်ားႏွင့္ ေဆြးေႏြး

ဒီဇင္ဘာ ၂၀

မန္ယူအသင္းသည္ အသင္းတြင္ ဆက္လက္ထိန္းသိမ္းထားလိုျခင္းမရွိသည့္ ကက္စီမီရို၊ ဗာရန္း၊ ဆန္ခ်ိဳႏွင့္ မာစီယဲလ္တို႔၏ အေျပာင္းအေရႊ႕အတြက္ ေဆာ္ဒီကလပ္မ်ားႏွင့္ ေဆြးေႏြးရန္ စီစဥ္ေနၿပီး ေဘာလုံးဒါရိုက္တာ ဂၽြန္မာေတာက္သည္ ေဆာ္ဒီနိုင္ငံသို႔ ေရာက္ရွိေနၿပီျဖစ္ေၾကာင္း သိရပါတယ္။

ထို႔အျပင္ မန္ယူအသင္းသည္ နည္းၿပ တန္ဟက္ဂ္ႏွင့္ ဆက္ဆံေရးအဆင္မေျပသည့္ ဆန္ခ်ိဳအပါအဝင္ တန္ဟက္ဂ္ အႀကိဳက္မေတြ႕ေသာ ဗာရန္း၊ ကက္စီမီရိုႏွင့္ မာစီယဲလ္တို႔ကိုလည္း ေရာင္းထုတ္ရန္ စီစဥ္ေနျခင္း ျဖစ္ပါတယ္။

ကက္စီမီရို ႏွင့္ ဗာရန္းတို႔ကို ေဆာ္ဒီကလပ္မ်ားက ေခၚယူရန္ စိတ္ဝင္စားေနၾကေၾကာင္းလည္း သိရပါတယ္။

သေဘာတူညီခ်က္ တစ္စုံတစ္ရာမရရွိ ေသးေပမဲ့ ေကာင္းမြန္တဲ့ ဆက္ဆံေရးရရွိခဲ့ၿပီး အေျပာင္းအေရႊ႕ ဖြင့္လွစ္ခ်ိန္မွာ ထပ္မံေဆြးေႏြးသြားဖို႔ရွိပါတယ္။

=============

ကစားသမား ၄ ဦးကို ရောင်းချရန် မန်ယူအသင်းက ဆော်ဒီကလပ်များနှင့် ဆွေးနွေး

ဒီဇင်ဘာ ၂၀

မန်ယူအသင်းသည် အသင်းတွင် ဆက်လက်ထိန်းသိမ်းထားလိုခြင်းမရှိသည့် ကက်စီမီရို၊ ဗာရန်း၊ ဆန်ချိုနှင့် မာစီယဲလ်တို့၏ အပြောင်းအရွှေ့အတွက် ဆော်ဒီကလပ်များနှင့် ဆွေးနွေးရန် စီစဉ်နေပြီး ဘောလုံးဒါရိုက်တာ ဂျွန်မာတောက်သည် ဆော်ဒီနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

ထို့အပြင် မန်ယူအသင်းသည် နည်းပြ တန်ဟက်ဂ်နှင့် ဆက်ဆံရေးအဆင်မပြေသည့် ဆန်ချိုအပါအဝင် တန်ဟက်ဂ် အကြိုက်မတွေ့သော ဗာရန်း၊ ကက်စီမီရိုနှင့် မာစီယဲလ်တို့ကိုလည်း ရောင်းထုတ်ရန် စီစဉ်နေခြင်း ဖြစ်ပါတယ်။

ကက်စီမီရို နှင့် ဗာရန်းတို့ကို ဆော်ဒီကလပ်များက ခေါ်ယူရန် စိတ်ဝင်စားနေကြကြောင်းလည်း သိရပါတယ်။

သဘောတူညီချက် တစ်စုံတစ်ရာမရရှိ သေးပေမဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရရှိခဲ့ပြီး အပြောင်းအရွှေ့ ဖွင့်လှစ်ချိန်မှာ ထပ်မံဆွေးနွေးသွားဖို့ရှိပါတယ်။