ဗိုလ်ချုပ်တွေကို နောက်ထပ်တစ်နှစ်ဆက်ထိန်းထားဦးမယ့် ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ အသင်းရဲ့ကွင်းလယ် ဗိုလ်ချုပ်တွေဖြစ်တဲ့ တိုနီခရူးစ်နဲ့ လူကာမိုဒရစ်တို့ကို နောက်ထပ်တစ်ရာသီဆက်ရှိဖို့အတွက် သက်တမ်းတိုးစာချုပ် ချုပ် ဆိုနိုင်ခဲ့တယ်လို့ သိရပါတယ်။ တိုနီခရူးစ်ဟာ အစောပိုင်းမှာတော့ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ကစားသမားဘဝက အနားယူဖို့ စဉ်းစားထားတာ ဖြစ်ပြီး အခုတော့ အသင်းနဲ့အတူ နောက်ထပ်ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့တာပါ။ မိုဒရစ်ကလည်း အသက် ၃၇ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့် လူငယ်တစ်ယောက်လိုပဲ အသင်းရဲ့ကွင်းလယ်ကို ထိန်းကျောင်းထားနိုင်ဆဲ ဖြစ်လို့ အသင်းဘက်က နောက်ထပ်တစ်နှစ်စာချုပ်နဲ့ ဂုဏ်ပြုခဲ့တဲ့သဘောပါပဲ။ ရီးရဲလ်မက်ဒရစ်ဟာ တိုနီခရူးစ်နဲ့ မိုဒရစ်တို့အလွန်ကို မျှော်မှန်းကာ အသင်းရဲ့ ကွင်းလယ်အတွက် ဗယ်လ်ဗာဒီ၊ ကာမာဗင်ဂါနဲ့ ချုအာမန်နီတို့ကို နေရာပေးကာ ဝါရင့်တွေနဲ့ တွဲဖက်ကစားစေခဲ့ပါတယ်။ အခုတော့ အဆိုပါလူငယ်တွေဟာ မိုဒရစ်နဲ့ ခရူးစ်တို့နဲ့ အတူနောက်ထပ်တစ်ရာသီဖြတ်သန်းရဦးမှာဖြစ်လို့ အတွေ့အကြုံကောင်းတွေကို ဆက်လက်သင်ယူခွင့် ရရှိဦးမှာလည်း ဖြစ်ပါတယ်။#Shwesports