ချယ်လ်ဆီးတိုက်စစ်မှူး ဟာဇက် ဘယ်လ်ဂျီယံ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု ရရှိ

ချယ်လ်ဆီးတိုက်စစ်မှူး ဧဒင်ဟာဇက်သည် မန်စီးတီးမှ ကီဗင်ဒီဘရိုင်နှင့် နာပိုလီမှ မာတန်တို့ကို ကျော်ဖြတ်၍ ၂၀၁၇ အတွက် နိုင်ငံခြားလိဂ်ရှိ ဘယ်လ်ဂျီယံ အကောင်းဆုံး ကစားသမား အဖြစ် ရွေးချယ်ခံရသည်။

ဟာဇက်သည် မဲ ၃၂၆ မဲဖြင့် ဒီဘရိုင်ထက် ၁၁ မဲအသာ၊ မာတန်ထက် ၅၆ မဲအသာဖြင့် ယင်းဆုကို ရရှိခဲ့ပြီး မန်ယူတိုက်စစ်မှူး လူကာကူမှာ စတုတ္ထနေရာ၌ ရှိခဲ့သည်။

ဒီဘရိုင်သည် ယင်းဆုကိုပြီး ခဲ့သည့် ၂ နှစ်က ရရှိခဲ့ပြီး ပထမအ ကျော့ မဲခွဲမှုတွင် မာတန်ကဦး ဆောင်ခဲ့ပြီးနောက် ဒုတိယအ ကျော့တွင် မန်စီးတီးကစားကွက်  ဖန်တီးရှင်က ထိပ်ဆုံးမှ ရပ်တည် ခဲ့သည်။

သို့သော်ဟာဇက် (၂၈) နှစ် သည် ဗုဒ္ဓဟူးနေ့က ကြေညာသော ယင်းဆုအတွက် အမှတ်အများ ဆုံးရရှိခဲ့သည်။ ‘‘ဘယ်လ်ဂျီယံမှာ ကျွန်တော့်ရဲ့ ပထမဆုံးဆုဖြစ်ပါတယ်။ နောက်ဆုံးဆုမဟုတ်တာတော့ သေချာပါတယ်’’ ဟု ဟာ ဇက်ကပြောသည်။

သို့သော်ဟာဇက်က ၎င်းအနေဖြင့် ယင်းဆုအတွက် မာတန် ကို မဲထည့်မည်ဖြစ်ကြောင်း ပြောကြားသည်။

မာတန်သည် ဂိုးအများအပြား သွင်းခဲ့သူဖြစ်ပြီး ၂၀၁၇ အတွင်း အကောင်းဆုံး ခြေစွမ်းပြကာ ၎င်းပုံမှန်ကစားနေကျ မဟုတ်သော နေရာတွင် ကစားခဲ့သဖြင့် မိမိအနေဖြင့် ၎င်းကိုမဲထည့်မည်ဟု ဟာဇက်က ပြောကြားသည်။

လိုင်လီတိုက်စစ်မှူးဟောင်း ဟာဇက်သည် ယခုရာသီတွင် ချယ်လ်ဆီးအတွက် ကိုးဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှု နှစ်ကြိမ် ပြုလုပ်ထားကာ ၎င်းတို့သည် ပရီးမီးယားလိဂ်တွင် နံပါတ် (၄) နေရာ ၌ ရှိနေသည်။

 —Ref: Goal