လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အပစ္အခတ္ရပ္စဲေရးေဆာင္ရြက္ရန္ အသင့္ရွိေၾကာင္း အစၥေရးသမၼတ ေျပာၾကား

ဒီဇင္ဘာ ၂၁

အစၥေရးနိုင္ငံက ဟားမတ္စ္အဖြဲ႕ႏွင့္ ေနာက္ ထပ္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အပစ္အခတ္ရပ္စဲေရး ေဆာင္ရြက္ရန္အသင့္ရွိေၾကာင္း အစၥေရးသမၼတ အိုင္ဇက္ဟာေဂါ့စ္ က ေျပာၾကားသည္။ ဂါဇာေဒသတြင္ ဓားစာခံ ၁၃၀ ခန႔္ ရွိေနေသးေၾကာင္း သိရသည္။

အစၥေရးတပ္ဖြဲ႕မ်ားကို ခန္းယူႏြတ္ၿမိဳ႕တြင္ အင္ အားအမ်ားအျပား ထပ္မံေစလြတ္ခဲ့ၿပီး ဂါဇာကမ္းေျမာင္တစ္ေလၽွာက္ ထိုးစစ္ဆင္မႈမ်ားကို အရွိန္ျမႇင့္ေဆာင္ရြက္ေနသည္။ လက္ရွိအခ်ိန္ ၌ ခန္းယူႏြတ္ၿမိဳ႕တြင္ အစၥေရးတပ္ဖြဲ႕မ်ားႏွင့္ ဟားမတ္စ္ စစ္ေသြးႂကြအဖြဲ႕အၾကား တိုက္ပြဲမ်ား ျဖစ္ ပြားေနသည္။ လက္ရွိအခ်ိန္တြင္ ဂါဇာကမ္း ေျမာင္ေဒသ၌ ေသဆုံးသူ ၁၉၆၆၇ ဦး အထိရွိလာေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားသည္။

က်န္ရွိေနေသးသည့္ ဓားစာခံမ်ားလြတ္ ေျမာက္ေရးအတြက္ လူသားခ်င္းစာနာေထာက္ ထားမႈဆိုင္ရာ အပစ္အခတ္ရပ္စဲေရးေဆာင္ရြက္ရန္အသင့္ရွိေၾကာင္း အိုင္ဇက္ဟာေဂါ့စ္က ထပ္ ေလာင္းေျပာၾကားသည္။

ကာတာနိုင္ငံမွ တာဝန္ရွိသူမ်ားႏွင့္ အစၥေရးေမာ့ဆက္ ေထာက္လွမ္းေရးအႀကီးအကဲတို႔ ေတြ႕ ဆုံေဆြးေႏြးခဲ့ရာတြင္ ေမာ့ဆက္အႀကီးအကဲက သီတင္းတစ္ပတ္ၾကာ အပစ္အခတ္ ရပ္စဲေရး ေဆာင္ရြက္ရန္အတြက္ အျပန္အလွန္အားျဖင့္ ဓားစာခံ ၄၀ ကို လႊတ္ေပးရန္ ေတာင္းဆိုခဲ့သည္ဟု NHK သတင္းဌာနက ေဖာ္ျပထားသည္။

===========

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးဆောင်ရွက်ရန် အသင့်ရှိကြောင်း အစ္စရေးသမ္မတ ပြောကြား

ဒီဇင်ဘာ ၂၁

အစ္စရေးနိုင်ငံက ဟားမတ်စ်အဖွဲ့နှင့် နောက် ထပ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ရန်အသင့်ရှိကြောင်း အစ္စရေးသမ္မတ အိုင်ဇက်ဟာဂေါ့စ် က ပြောကြားသည်။ ဂါဇာဒေသတွင် ဓားစာခံ ၁၃၀ ခန့် ရှိနေသေးကြောင်း သိရသည်။

အစ္စရေးတပ်ဖွဲ့များကို ခန်းယူနွတ်မြို့တွင် အင် အားအများအပြား ထပ်မံစေလွတ်ခဲ့ပြီး ဂါဇာကမ်းမြောင်တစ်လျှောက် ထိုးစစ်ဆင်မှုများကို အရှိန်မြှင့်ဆောင်ရွက်နေသည်။ လက်ရှိအချိန် ၌ ခန်းယူနွတ်မြို့တွင် အစ္စရေးတပ်ဖွဲ့များနှင့် ဟားမတ်စ် စစ်သွေးကြွအဖွဲ့အကြား တိုက်ပွဲများ ဖြစ် ပွားနေသည်။ လက်ရှိအချိန်တွင် ဂါဇာကမ်း မြောင်ဒေသ၌ သေဆုံးသူ ၁၉၆၆၇ ဦး အထိရှိလာကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ကျန်ရှိနေသေးသည့် ဓားစာခံများလွတ် မြောက်ရေးအတွက် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးဆောင်ရွက်ရန်အသင့်ရှိကြောင်း အိုင်ဇက်ဟာဂေါ့စ်က ထပ် လောင်းပြောကြားသည်။

ကာတာနိုင်ငံမှ တာဝန်ရှိသူများနှင့် အစ္စရေးမော့ဆက် ထောက်လှမ်းရေးအကြီးအကဲတို့ တွေ့ ဆုံဆွေးနွေးခဲ့ရာတွင် မော့ဆက်အကြီးအကဲက သီတင်းတစ်ပတ်ကြာ အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်ရန်အတွက် အပြန်အလှန်အားဖြင့် ဓားစာခံ ၄၀ ကို လွှတ်ပေးရန် တောင်းဆိုခဲ့သည်ဟု NHK သတင်းဌာနက ဖော်ပြထားသည်။