ဖြုတ်ချခံထားရသည့်ဝန်ကြီးချုပ်ကို ရာထူးပြန်ခန့်ရန် အစီအစဉ်မရှိဟု သီရိလင်္ကာသမ္မတပြော

ကိုလံဘို နိုဝင်ဘာ၂၆

နိုင်ငံရေးအကျပ်အတည်းများနှင့် ရင်ဆိုင်နေရသော သီရိလင်္ကာ သမ္မတ မိုင်သရီပါလာဆီရိဆီနာက ဖြုတ်ချခဲ့သည့် ဝန်ကြီးချုပ် ရန်နေးလ်ဝှစ်ခရန်မန်ဆင်းဂ်ကို ဝန်ကြီးချုပ်အဖြစ် ပြန်လည် ခန့်အပ်မည် မဟုတ်ဟု ပြောကြားခဲ့သည်။

ဝှစ်ခရန်မန်ဆင်းဂ်၏ပါတီသည် ပါလီမန်တွင် နေရာအများအပြားကို ရယူထားနိုင်ခဲ့သည်။

သီရိလင်္ကာသမ္မတသည် ယခင် နိုင်ငံရေးသမားဟောင်းဖြစ်သည့် မဟင်ဒရာကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ဆီရိဆီနာသည် ဝန်ကြီးချုပ်ဟောင်း ဝှစ်ခရန်မန်ဆင်းဂ်ကို အကျင့်ပျက်ခြစားမှုများ ရှိနေသည်ဟု စွပ်စွဲခဲ့သည်။ ၂ဝ၁၅ ခုနှစ် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းပြီး ချိန်မှစ၍ နိုင်ငံရေး ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ပြီး ဝှစ်ခရန်မန်ဆင်းဂ်ကို ရာထူးမှ ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။ ဝန်ကြီးချုပ်နေအိမ်ကို မဖယ်ရှားဘဲ ဆက်လက်နေထိုင်နေသော ဝှစ်ခရန်မန်ဆင်းဂ်နှင့် ဝန်ကြီး ချုပ်ရုံးတွင် တာဝန်ထမ်းဆောင်နေသော မဟင်ဒရာတို့ နှစ်ဦး စလုံးမှာ ဝန်ကြီးချုပ် ရာထူးမှ ဖယ်ရှားပေးရေးကို မည်သူမျှ လက်မခံကြပေ။

သို့သော် နိုင်ငံ၌ တရားဝင်ဝန်ကြီးချုပ် မရှိသေးပေ။ သီရိလင်္ကာနိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်မှုအတွက် အပြည်ပြည်ဆိုင်ရာမှ စိုးရိမ်မှုလည်းမြင့်တက်နေသည်။ ၂ဝ၁၅ခုနှစ် ဇန်နဝါရီလမှစ၍ ဖြုတ်ချခံဝန်ကြီးချုပ် ဝှစ်ခရန်မန်ဆင်းဂ်၏ အကျင့်ပျက်ခြစားမှုများကို စုံစမ်းစစ်ဆေးသွားရန် စုံစမ်းစစ်ဆေးမှုအဖွဲ့ကို ဖွဲ့စည်းသွားမည်ဟု သမ္မတဆီရိဆီနာက နိုင်ငံခြား သတင်းထောက်များကို ပြောသည်။

-Ref: AFP