ဂါဇာကမ္းေျမာင္ေဒသတြင္ ထိန္းသိမ္းျခင္းခံခဲ့ရသည့္ ထိုင္းနိုင္ငံသား ၁၇ ဦး ျပန္လည္လြတ္ ေျမာက္

ဒီဇင္ဘာ ၁

ဂါဇာ ကမ္းေျမာင္ေဒသတြင္ ဟားမတ္စ္အဖြဲ႕ ၏ ထိန္းသိမ္းျခင္းခံခဲ့ရသည့္ ထိုင္းနိုင္ငံသား ၁၇ ဦး ျပန္ လည္လြတ္ေျမာက္ကာ ေနရပ္ျဖစ္သည့္ ထိုင္းနိုင္ငံသို႔ ျပန္သြားခဲ့ေၾကာင္း အင္န္အိတ္ခ်္ေက သတင္းတစ္ရပ္အရ သိရသည္။

ယခု ျပန္လည္လြတ္ေျမာက္လာသည့္ ထိုင္းနိုင္ငံ သားမ်ားသည္ ပထမအုပ္စုျဖစ္ၿပီး အစၥေရးနိုင္ငံ ေတာင္ပိုင္းသို႔ ဟားမတ္စ္အဖြဲ႕ဝင္ေရာက္တိုက္ခိုက္စဥ္က ဓားစာခံမ်ားအျဖစ္ဖမ္းဆီးသြားျခင္းခံခဲ့ရသူမ်ားျဖစ္သည္။

၎တို႔သည္ အစၥေရးနိုင္ငံ၏ စိုက္ပ်ိဳးေရးႏွင့္ အျခားက႑မ်ားတြင္ အလုပ္လုပ္ကိုင္ေနသူမ်ားျဖစ္ သည္။ အစၥေရးႏွင့္ ဟားမတ္စ္အဖြဲ႕တို႔အၾကား ၿပီးခဲ့သည့္ သီတင္းပတ္အတြင္း ယာယီအပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ရရွိခဲ့သည္။

၎ထိုင္းနိုင္ငံသားမ်ား ေလဆိပ္သို႔ ဆိုက္ ေရာက္ခ်ိန္တြင္ လာေရာက္ႀကိဳဆိုသူမ်ားႏွင့္အတူ ဟားမတ္စ္အဖြဲ႕၏ တိုက္ခိုက္မႈေၾကာင့္ ပဋိပကၡအတြင္း ေသဆုံးခဲ့ရသည့္ ထိုင္းနိုင္ငံသားမ်ားအတြက္ ေခတၱၿငိမ္သက္ကာဆုေတာင္းခဲ့ၾကသည္။ ထိုင္းဝန္ႀကီးခ်ဳပ္သာဗီဆင္က ၎တို႔ အား ဗီဒီယိုကြန္ဖရင့္မွေန၍ ႀကိဳဆိုႏႈတ္ခြန္း ဆက္စကားေျပာၾကားသည္။

ထိုင္းနိုင္ငံျခားေရးဝန္ႀကီး ပန္ပရီသည္ ၎ဓားစာ ခံမ်ားလြတ္ေျမာက္ေရးအတြက္ နိုဝင္ဘာ လ အေစာပိုင္းတြင္ ကာတာႏွင့္ အီဂ်စ္နိုင္ငံမ်ားသို႔ သြားေရာက္၍ ညႇိႏွိုင္းခဲ့ရာ ၎နိုင္ငံမ်ား၏ ၾကားဝင္ေစ့စပ္ေပးမႈျဖင့္ ယခုကဲ့သို႔ ဓားစာခံမ်ား လြတ္ေျမာက္ခဲ့ျခင္းျဖစ္သည္။ ဂါဇာေဒသတြင္ထိန္းသိမ္းခံေနရဆဲျဖစ္သည့္ က်န္ထိုင္းနိုင္ငံသား ကိုးဦး လြတ္ေျမာက္ေရးအတြက္ေဆာင္ရြက္မည္ျဖစ္ေၾကာင္း ထိုင္းတာဝန္ရွိသူမ်ားက ေျပာၾကား သည္။

========================

ဂါဇာကမ်းမြောင်ဒေသတွင် ထိန်းသိမ်းခြင်းခံခဲ့ရသည့် ထိုင်းနိုင်ငံသား ၁၇ ဦး ပြန်လည်လွတ် မြောက်

ဒီဇင်ဘာ ၁

ဂါဇာ ကမ်းမြောင်ဒေသတွင် ဟားမတ်စ်အဖွဲ့ ၏ ထိန်းသိမ်းခြင်းခံခဲ့ရသည့် ထိုင်းနိုင်ငံသား ၁၇ ဦး ပြန် လည်လွတ်မြောက်ကာ နေရပ်ဖြစ်သည့် ထိုင်းနိုင်ငံသို့ ပြန်သွားခဲ့ကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။

ယခု ပြန်လည်လွတ်မြောက်လာသည့် ထိုင်းနိုင်ငံ သားများသည် ပထမအုပ်စုဖြစ်ပြီး အစ္စရေးနိုင်ငံ တောင်ပိုင်းသို့ ဟားမတ်စ်အဖွဲ့ဝင်ရောက်တိုက်ခိုက်စဉ်က ဓားစာခံများအဖြစ်ဖမ်းဆီးသွားခြင်းခံခဲ့ရသူများဖြစ်သည်။

၎င်းတို့သည် အစ္စရေးနိုင်ငံ၏ စိုက်ပျိုးရေးနှင့် အခြားကဏ္ဍများတွင် အလုပ်လုပ်ကိုင်နေသူများဖြစ် သည်။ အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့တို့အကြား ပြီးခဲ့သည့် သီတင်းပတ်အတွင်း ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့သည်။

၎င်းထိုင်းနိုင်ငံသားများ လေဆိပ်သို့ ဆိုက် ရောက်ချိန်တွင် လာရောက်ကြိုဆိုသူများနှင့်အတူ ဟားမတ်စ်အဖွဲ့၏ တိုက်ခိုက်မှုကြောင့် ပဋိပက္ခအတွင်း သေဆုံးခဲ့ရသည့် ထိုင်းနိုင်ငံသားများအတွက် ခေတ္တငြိမ်သက်ကာဆုတောင်းခဲ့ကြသည်။ ထိုင်းဝန်ကြီးချုပ်သာဗီဆင်က ၎င်းတို့ အား ဗီဒီယိုကွန်ဖရင့်မှနေ၍ ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီသည် ၎င်းဓားစာ ခံများလွတ်မြောက်ရေးအတွက် နိုဝင်ဘာ လ အစောပိုင်းတွင် ကာတာနှင့် အီဂျစ်နိုင်ငံများသို့ သွားရောက်၍ ညှိနှိုင်းခဲ့ရာ ၎င်းနိုင်ငံများ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ယခုကဲ့သို့ ဓားစာခံများ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ ဂါဇာဒေသတွင်ထိန်းသိမ်းခံနေရဆဲဖြစ်သည့် ကျန်ထိုင်းနိုင်ငံသား ကိုးဦး လွတ်မြောက်ရေးအတွက်ဆောင်ရွက်မည်ဖြစ်ကြောင်း ထိုင်းတာဝန်ရှိသူများက ပြောကြား သည်။