Samba Gold Award 2023 ဆုကို ရီးယဲလ္မက္ဒရစ္အသင္း တိုက္စစ္မႉး ဗင္နီစီးယက္စ္ ရရွိ

ဒီဇင္ဘာ ၁

Samba Gold Award 2023 ဆုကို ရီးယဲလ္မက္ဒရစ္အသင္း လူငယ္တိုက္စစ္မႉး ဗင္နီစီးယက္စ္က ရရွိခဲ့ေၾကာင္း သိရပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ ဗင္နီစီးယက္စ္က ၿပီးခဲ့သည့္ ေဘာလုံးရာသီက ရီးယဲလ္မက္ဒရစ္အသင္းႏွင့္အတူ အေကာင္းဆုံး ေျခစြမ္းျပနိုင္သည့္ အတြက္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွ ထိပ္တန္းကစားသမားမ်ားကို ေက်ာ္ျဖတ္ၿပီး ၎၏ ကစားသမား ဘဝပထမဆုံးအႀကိမ္ ရရွိခဲ့ျခင္းျဖစ္ပါတယ္။ ဗင္နီစီးယက္စ္ဟာ ေနမာႏွင့္မာကြင္ဟိုတို႔ကို ေက်ာ္ျဖတ္ၿပီး ၎ဆုကို ရရွိခဲ့ျခင္းလည္းျဖစ္ပါတယ္။

Samba Gold Award သည္ ဘရာဇီးကစားသမားမ်ားထဲမွ စိစစ္ေရြးခ်ယ္ ေပးအပ္ျခင္းျဖစ္ၿပီး ၂၀၀၈ ခုႏွစ္က စတင္ေပးအပ္ျခင္းျဖစ္ကာ ပထမဆုံးအႀကိမ္ ေပးအပ္သည့္ႏွစ္တြင္ ေအစီမီလန္အသင္းႏွင့္ ရီးယဲလ္မက္ဒရစ္အသင္း ကြင္းလယ္ကစားသမား ကာကာက ရရွိခဲ့ပါတယ္။

Samba Gold Award ကို အယ္ဟီလယ္အသင္း တိုက္စစ္မႉး ေနမာက ေျခာက္ႀကိမ္ျဖင့္ အႀကိမ္ေရ အမ်ားဆုံးရရွိထားသည့္ ကစားသမားအျဖစ္ ရပ္တည္ေနၿပီး ေနမာ၏ေနာက္တြင္ လက္ရွိ ခ်ယ္လ္ဆီးအသင္း ဝါရင့္ခံစစ္ကစားသမား သီယာဂိုေဆးလ္ဗားက သုံးႀကိမ္ရရွိခဲ့ကာ ဒုတိယအႀကိမ္ေရ အမ်ားဆုံးရရွိထားသည့္ ကစားသမားအျဖစ္ ရပ္တည္ေနေၾကာင္း သိရပါတယ္။

====================

Samba Gold Award 2023 ဆုကို ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး ဗင်နီစီးယက်စ် ရရှိ
ဒီဇင်ဘာ ၁

Samba Gold Award 2023 ဆုကို ရီးယဲလ်မက်ဒရစ်အသင်း လူငယ်တိုက်စစ်မှူး ဗင်နီစီးယက်စ်က ရရှိခဲ့ကြောင်း သိရပါတယ်။

အသက် ၂၃ နှစ်အရွယ် ဗင်နီစီးယက်စ်က ပြီးခဲ့သည့် ဘောလုံးရာသီက ရီးယဲလ်မက်ဒရစ်အသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြနိုင်သည့် အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ထိပ်တန်းကစားသမားများကို ကျော်ဖြတ်ပြီး ၎င်း၏ ကစားသမား ဘဝပထမဆုံးအကြိမ် ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဗင်နီစီးယက်စ်ဟာ နေမာနှင့်မာကွင်ဟိုတို့ကို ကျော်ဖြတ်ပြီး ၎င်းဆုကို ရရှိခဲ့ခြင်းလည်းဖြစ်ပါတယ်။

Samba Gold Award သည် ဘရာဇီးကစားသမားများထဲမှ စိစစ်ရွေးချယ် ပေးအပ်ခြင်းဖြစ်ပြီး ၂၀၀၈ ခုနှစ်က စတင်ပေးအပ်ခြင်းဖြစ်ကာ ပထမဆုံးအကြိမ် ပေးအပ်သည့်နှစ်တွင် အေစီမီလန်အသင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်း ကွင်းလယ်ကစားသမား ကာကာက ရရှိခဲ့ပါတယ်။

Samba Gold Award ကို အယ်ဟီလယ်အသင်း တိုက်စစ်မှူး နေမာက ခြောက်ကြိမ်ဖြင့် အကြိမ်ရေ အများဆုံးရရှိထားသည့် ကစားသမားအဖြစ် ရပ်တည်နေပြီး နေမာ၏နောက်တွင် လက်ရှိ ချယ်လ်ဆီးအသင်း ဝါရင့်ခံစစ်ကစားသမား သီယာဂိုဆေးလ်ဗားက သုံးကြိမ်ရရှိခဲ့ကာ ဒုတိယအကြိမ်ရေ အများဆုံးရရှိထားသည့် ကစားသမားအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။