စံချိန်တင်လစာ တစ်ပတ်ပေါင် ၅၀၅၀၀၀နဲ့ မန်ယူကို ဆန်းချက်ဇ် ပြောင်းတော့မယ်

အာဆင်နယ်အသင်း တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်ဟာ ဗြိတိန်စံချိန်တင်လစာနဲ့ မန်ယူကို ပြောင်းဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။

အသက် ၂၉ နှစ်ရှိတဲ့ ဆန်းချက်ဇ်ဟာ တစ်ပတ်ကို ဆုကြေးနဲ့ အခြေခံလစာ အပါအ၀င် ပေါင် ၅၀၅၀၀၀ အထိ ရရှိမှာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဘက်က သူ့နေရာ အစားထိုးမယ့်သူရတာနဲ့ ဆန်းချက်ဇ်ဟာ မန်ယူနဲ့ ၄ နှစ်ခွဲ စာချုပ်လက်မှတ်ထိုးသွားမှာဖြစ်ပြီး လာမယ့်တစ်ပတ်ဘန်လေနဲ့ ပွဲမှာ ပါဝင်နိုင်ဖို့အတွက် လက်မှတ် အမြန်ဆုံးထိုးနိုင်ဖို့ မန်ယူနည်းပြမော်ရင်ဟိုကလည်း အလိုရှိနေတယ်လို့ သိရပါတယ်။

မန်ယူဟာ လောလောဆယ်မှာ ပြောင်းရွှေ့ကြေးနဲ့ အေးဂျင့်ကြေး စုစုပေါင်း ပေါင် ၃၅ သန်း ပေးဖို့ သဘောတူထားပြီး ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဒေါ့မန်တိုက်စစ်မှူး အူဘာမီယန်နဲ့ ဘော့ဒိုး တောင်ပံကစားသမား မယ်လ်ကွန်တို့ကို ခေါ်ဖို့ ကြိုးစားနေတာပါ။ တစ်ဖက်မှာလည်း ဆန်းချက်ဇ် အတွက် မန်ယူကခီတာရန်ကို ခေါ်ဖို့ စီစဉ်ထားပါသေးတယ်။

Ref; Sky sports