Laureus ဆုအတွက် စီရော်နယ်ဒိုနဲ့ ရီးရဲလ်တို့အမည်စာရင်း ပါဝင်လာ

အားကစားလောကရဲ့ ဂုဏ်သိက္ခာအမြင့်မားဆုံး ဆုတစ်ခုဖြစ်တဲ့ Laureus World Sportsman of the Year ဆုအတွက် နောက်ဆုံး အမည်စာရင်း ထွက်ပေါ်လာခဲ့ရာမှာ အမျိုးသားဆုအတွက် ကစားသမား ၆ ဦးထဲမှာ ရီးရဲလ်မက်ဒရစ်နဲ့ ပေါ်တူဂီအသင်း တိုက်စစ်မှူး စီရော်နယ်ဒို ပါဝင်လာတယ်လို့ သိရပါတယ်။

အခြားသူတွေကတော့ တင်းနစ်က ဖက်ဒါရာနဲ့ နာဒဲလ်၊ ဖော်မြူလာဝမ်းချန်ပီယံ လူးဝစ်ဟာမီလ်တန်၊ တာဝေးအပြေး ချန်ပီယံ မိုဖာရာနဲ့ စက်ဘီးသမားခရစ္စဖရိုမီတို့ ဖြစ်ပါတယ်။ Laureus World Team of the Year
ဆုအတွက် ၆ သင်းထဲမှာ ပြီးခဲ့တဲ့နှစ်က ချန်ပီယံလိဂ်ဖလားနဲ့ လာလီဂါချန်ပီယံဘွဲ့တို့ကို ရရှိခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်း ပါဝင်လာပါတယ်။ အမျိုးသမီးဆုထဲမှာ ကိုယ်ဝန်နဲ့ သြးစတြေးလျအိုးပင်း တင်းနစ်မှာ ချန်ပီယံဖြစ်ခဲ့တဲ့ ဆရီနာဝီလျံလည်း အမည်စာရင်းထဲမှာပါလာပြီး ဆုရဖို့ ရေပန်းစားနေပါတယ်။

အကောင်းဆုံးဆုရသူများကို ဖေဖော်ဝါရီ ၂၇ ရက်တွင် မိုနာကိုမြို့၌ ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။

90Minutes