ဝိန်းရူနီကြောင့် အဲဗာတန်ကို ပြောင်းလာခဲ့တာလို့ ၀ဲလ်ကော့ ဆို

အာဆင်နယ်ကနေ အဲဗာတန်အသင်းဆီ ပေါင်သန်း ၂၀နဲ့ ပြောင်းလာခဲ့တဲ့ ၀ဲလ်ကော့က သူဒီကို ပြောင်းလာတဲ့ အကြောင်းအရင်းတွေထဲမှာ ရူနီရှိနေခြင်းက အဓိကကျခဲ့တယ်လို့ ပြောလိုက်ပါတယ်။

ဝဲလ်ကော့ဟာ အဲဗာတန်နဲ့ ၃ နှစ်ခွဲစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ စာချုပ်လက်မှတ်ထိုးပြီးချိန်မှာ ၀ဲလ်ကော့က “ဒီကိုမလာခင်ရူနီနဲ့စကားတွေအများကြီး ပြောဖြစ်ခဲ့ပါတယ်။ အဲဗာတန်ဟာဘောလုံးကစားဖို့ တကယ်ကောင်းတဲ့ နေရာ ဖြစ်ပြီး ထိပ်တန်းအဆင့်ရှိတယ်လို့လည်း သူက ပြောခဲ့ပါတယ်။

ဒါကြောင့်လည်း ဒီကို ပြောင်းလာတာပေါ့။ ရူနီဟာ ကျွန်တော့အတွက် တကယ့်မိတ်ဆွေကောင်းလည်းဖြစ်ပါတယ်။

အဲဗာတန်ဟာ အစဉ်အလာကြီးမားတဲ့ ကလပ်ဖြစ်ပြီး ပရိသတ်တွေကလည်း ထူးခြားလှပါတယ်”လို့ ပြောသွား ပါတယ်။ အသက် ၂၈ နှစ်ရှိတဲ့ ၀ဲလ်ကော့ဟာ အာဆင်နယ်မှာ ၁၂ နှစ်နီးပါး ကစားခဲ့သူပါ။

Ref; Sky sports