ချယ်လ်ဆီးနှင့် စပါးကို အက်ဖ်အေတရားစွဲဆို

chelsea-tottenham-stamford-

ချယ်လ်ဆီးနှင့် စပါးအသင်းတို့သည် တနင်္လာနေ့ကကစားခဲ့သော  နှစ်ဂိုးစီသရေကျ ခဲ့သည့် ပွဲအပြီးနှင့် ကစားနေစဉ်အတွင်း ၎င်းတို့၏ ကစားသမားများနှင့် အသင်းအရာရှိများကို ထိန်းချုပ်ရန် ပျက်ကွက်မှုစွဲချက် သုံးခုဖြင့် အင်္ဂလိပ်ဘောလုံး အဖွဲ့ချုပ်က နှစ်သင်းစလုံးအား တရားစွဲဆိုလိုက်သည်။

စပါးကွင်းလယ်လူ ဒမ်ဘီလီ ကိုလည်း ပွဲအချိန်အတွင်း ကြမ်း တမ်းသော လုပ်ရပ်အတွက် စွဲ ချက်တင်လိုက်သည်။

ဒီယေဂိုကော်စတာမျက်လုံးကို လှမ်းဆွဲလိုက်ခြင်းသည် သာမန်ကြမ်းတမ်းသော အပြုအမူထက် ဆိုးရွားသည်ဟု အက်ဖ်အေ က ပြောသည်။ အကယ်၍ အပြစ်ရှိကြောင်း တွေ့ရှိပါက သုံးပွဲပယ်ပြစ်ဒဏ်မှာ မလုံလောက်ဟု ဆိုလိုခြင်းဖြစ်သည်။

အက်ဖ်အေ၏ စွဲချက်များအပေါ် ဒမ်ဘီလီ (၂၈) နှစ်က ဖြေရှင်းချက်ပေးရန် မေလ ၆ ရက် ညနေ ၆ နာရီအထိ အချိန်ရပြီး ချယ်လ်ဆီး နှင့် စပါးအသင်းတို့ကလာမည့် တနင်္လာနေ့ ညနေ ၆ နာရီမတိုင်မီဖြေရှင်းချက်ပေးရမည် ဖြစ်သည်။

စပါး၏ ပရီးမီးယားလိဂ်ချန် ပီယံမျှော်လင့်ချက်အဆုံးသတ်စေခဲ့သောပွဲတွင် လူစုလူဝေးတွန်းထိုးမှု နှစ်နေရာ၌ ဖြစ်ပွားခဲ့ပြီး အ၀ါကတ် ၁၂ ကတ် ပြသခဲ့ရသည်။

—Ref:BBC


Leave a Reply