စီရော်နယ်ဒို ကြောင့် ငွေကြေးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေတဲ့ မန်ယူ

စီရော်နယ်ဒို အနေနဲ့ အသင်းရဲ့ရာသီကြို ခြေစမ်းပွဲတွေကို လွဲချော်နိုင်ဖို့ ရှိနေတာကြောင့် မန်ယူအသင်းအနေနဲ့ ငွေကြေးဆုံးရှုံးမှုတွေရှိနိုင်တယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ စီရော်နယ်ဒိုဟာ မန်ယူအသင်းရဲ့ ရာသီကြို ခြေစမ်းပွဲ ပိုစတာ မှာ ပါဝင်ခဲ့သူဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ မိသားစုအရေး ကိစ္စကြောင့် အသင်းနဲ့ ပူးပေါင်းနိုင်ခြင်း မရှိသေးသလို အသင်းရဲ့ရာသီကြို ခြေစမ်းပွဲတွေမှာလည်း ပါဝင်နိုင်ဖို့ မရှိဘူးလို့ သိရပါတယ်။ လာမယ့်သောကြာနေ့က စပြီး မန်ယူဟာ ထိုင်း၊သြစတြေးလျနဲ့ နော်ဝေ နိုင်ငံတွေမှာ ခြေစမ်းပွဲတွေ ကစားမှာဖြစ်ပြီး ပွဲစီစဉ်သူတွေဟာ စီရော်နယ်ဒို ပါဝင်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်မှတ်တွေကို ရောင်းချခဲ့တာကြောင့် ပရိသတ်အချို့က သူတို့ငွေကြေးတွေကို ပြန်ရယူဖို့အတွက် အလိုရှိနေတယ်လို့လည်း သိရပါတယ်။