Snapdragon 8+ Gen 1 နဲ့ 50MP Leica ကင်မရာ ပါတဲ့ Xiaomi 12S Ultra ကို ကြေညာ

Xiaomi က 12S Series ကို ကြေညာလိုက်ပြီး အားလုံးထဲမှာ 12S Ultra က စွမ်းရည် အမြင့်ဆုံး ဖြစ်ပါတယ်။ နောက်ဆုံးထုတ် Snapdragon 8+ Gen 1 Chipset မောင်းနှင်ထားပြီး 12GB LPDDR5 RAM နဲ့ 512GB UFS 3.1 Storage အထိ ရွေးချယ်နိုင်ပါတယ်။ ၆.၇၃ လက်မ LTPO 2.0 AMOLED မျက်နှာပြင် ပါလာပြီး 2K Resolution, 120Hz Refresh Rate နဲ့ 1500 nits Peak Brightness တွေ ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်မှာ Dolby Vision နဲ့ HDR10+ စံနှုန်းတွေ ပါပါတယ်။

မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး Harman Kardon ရဲ့ စတီရီယို စပီကာတွေ တပ်ဆင်ထားပါတယ်။ WiFi 6E, Bluetooth 5.2 , IR Blaster ထောက်ပံ့ထားပြီး Android 12 အခြေပြု MIUI 13 မောင်းနှင်ထားပါတယ်။

67W Fast Charging ပါတဲ့ 4,860mAh ဘက်ထရီ ပါလာပြီး 50W Wireless Charging နဲ့ 10W Reverse Charging တွေ ထည့်ထားပါတယ်။ ကြိုးနဲ့အားသွင်းရင် ၁၅ မိနစ်အတွင်း ၅၀ ရာခိုင်နှုန်း အားသွင်းနိုင်ပါတယ်။ ကြိုးမဲ့အားသွင်းရင် ၁၅ မိနစ်အတွင်း ၄၀ ရာခိုင်နှုန်ုး အားသွင်းပေးနိုင်ပါတယ်။

ကင်မရာတွေကို Leica နဲ့ ပူးပေါင်း ဖန်တီးထားပြီး 50MP Main ကင်မရာရဲ့ အရွယ်အစားက ၁ လက်မ ရှိပါတယ်။ Main ကင်မရာမှာ HyperOIS ပါလာပြီး 8K ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။ တခြား ကင်မရာတွေက 48MP Ultrawide Angle နဲ့ 48MP Telephoto (120x Magnification , OIS) တွေ ဖြစ်ပါတယ်။

Black နဲ့ Green ၂ ရောင် ထုတ်လုပ်ထားပြီး 8/256GB ကို ၅,၉၉၉ ယွမ်၊ 12/256GB ကို ၆,၄၉၉ ယွမ်နဲ့ 12/512GB ကို ၆,၉၉၉ ယွမ် သတ်မှတ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ မြန်မာငွေ ၁၆ သိန်း ဝန်းကျင် ရှိပါိတယ်။

Ref : gizmochina