ဂူဂဲလ္၏ေနာက္ဆုံးေပၚ ဉာဏ္ရည္တုနည္းပညာGemini ေမာ္ဒယ္ကို စတင္မိတ္ဆက္

ဒီဇင္ဘာ ၈

ဉာဏ္ရည္တုနည္းပညာ ၿပိဳင္ဆိုင္မႈမ်ား ျပင္း ထန္လာခ်ိန္တြင္ ဂူဂဲလ္သည္ ၎၏ ေနာက္ဆုံး ေပၚဉာဏ္ရည္တုနည္းပညာေမာ္ဒယ္ကို ယမန္ေန႔က စတင္မိတ္ဆက္ခဲ့ေၾကာင္း သိရသည္။ ၎၏ Gemini ဟု အမည္ေပးထားသည့္ ဉာဏ္ရည္တုနည္းပညာသည္ စာသား၊ အသံႏွင့္ ဗီဒီယိုအပါ အဝင္ အခ်က္အလက္မ်ားကို ပုံစံအမ်ိဳးမ်ိဳးျဖင့္ ေပါင္းစပ္ေပးနိုင္သည္ဟု အေမရိကန္နည္းပညာကုမၸဏီဂူဂဲလ္က ေျပာသည္။

Gemini ဉာဏ္ရည္တုနည္းပညာကို မၾကာမီတြင္ စတင္အသုံးျပဳနိုင္ေတာ့မည္ျဖစ္ေၾကာင္း အေမရိကန္နည္းပညာကုမၸဏီ ဂူဂဲလ္က ထပ္ေလာင္းေျပာသည္။

Gemini သည္ လက္ရွိ Al ေမာ္ဒယ္မ်ားထက္ ပိုမိုအသုံးဝင္ေသာ တုံ႔ျပန္မႈမ်ားႏွင့္ အဆိုျပဳခ်က္မ်ားကို ေပးစြမ္းနိုင္ေသာေၾကာင့္ က်ယ္ျပန႔္ေသာ အခ်က္ အလက္မ်ားစြာကို တိက်မွန္ကန္စြာ ဝန္ ေဆာင္မႈေပးနိုင္သည္ဟု ဂူဂဲလ္က အခိုင္အမာဆိုသည္။

တီထြင္ဖန္တီးမႈနည္းပညာအေပၚ အေျခခံ၍ Gemini ဉာဏ္ရည္တုဝန္ေဆာင္မႈကို ဗားရွင္းသုံးမ်ိဳးခြဲျခားၿပီး အသုံးျပဳသူမ်ားကို ဝန္ေဆာင္မႈေပးရန္ ဂူဂဲလ္က စီစဥ္ထားသည္။

Geminiဉာဏ္ရည္တုဝန္ေဆာင္မႈကို ၎၏ Bard chatbot ၏ အဂၤလိပ္ဗားရွင္းျဖင့္ ပထမ ဆုံး စတင္ေရာင္းခ်မည္ျဖစ္သည္။ OpenAl သည္ ၿပီးခဲ့သည့္ႏွစ္ နိုဝင္ဘာလတြင္ ChatGPT ကို မိတ္ဆက္ၿပီးကတည္း က ဉာဏ္ရည္တုနည္းပညာ အသုံးျပဳမႈသည္ ကမၻာအဝွမ္း၌ လ်င္ျမန္စြာ တိုးတက္လာခဲ့သည္။

================

ဂူဂဲလ်၏နောက်ဆုံးပေါ် ဉာဏ်ရည်တုနည်းပညာGemini မော်ဒယ်ကို စတင်မိတ်ဆက်

ဒီဇင်ဘာ ၈

ဉာဏ်ရည်တုနည်းပညာ ပြိုင်ဆိုင်မှုများ ပြင်း ထန်လာချိန်တွင် ဂူဂဲလ်သည် ၎င်း၏ နောက်ဆုံး ပေါ်ဉာဏ်ရည်တုနည်းပညာမော်ဒယ်ကို ယမန်နေ့က စတင်မိတ်ဆက်ခဲ့ကြောင်း သိရသည်။ ၎င်း၏ Gemini ဟု အမည်ပေးထားသည့် ဉာဏ်ရည်တုနည်းပညာသည် စာသား၊ အသံနှင့် ဗီဒီယိုအပါ အဝင် အချက်အလက်များကို ပုံစံအမျိုးမျိုးဖြင့် ပေါင်းစပ်ပေးနိုင်သည်ဟု အမေရိကန်နည်းပညာကုမ္ပဏီဂူဂဲလ်က ပြောသည်။

Gemini ဉာဏ်ရည်တုနည်းပညာကို မကြာမီတွင် စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း အမေရိကန်နည်းပညာကုမ္ပဏီ ဂူဂဲလ်က ထပ်လောင်းပြောသည်။

Gemini သည် လက်ရှိ Al မော်ဒယ်များထက် ပိုမိုအသုံးဝင်သော တုံ့ပြန်မှုများနှင့် အဆိုပြုချက်များကို ပေးစွမ်းနိုင်သောကြောင့် ကျယ်ပြန့်သော အချက် အလက်များစွာကို တိကျမှန်ကန်စွာ ဝန် ဆောင်မှုပေးနိုင်သည်ဟု ဂူဂဲလ်က အခိုင်အမာဆိုသည်။

တီထွင်ဖန်တီးမှုနည်းပညာအပေါ် အခြေခံ၍ Gemini ဉာဏ်ရည်တုဝန်ဆောင်မှုကို ဗားရှင်းသုံးမျိုးခွဲခြားပြီး အသုံးပြုသူများကို ဝန်ဆောင်မှုပေးရန် ဂူဂဲလ်က စီစဉ်ထားသည်။

Geminiဉာဏ်ရည်တုဝန်ဆောင်မှုကို ၎င်း၏ Bard chatbot ၏ အင်္ဂလိပ်ဗားရှင်းဖြင့် ပထမ ဆုံး စတင်ရောင်းချမည်ဖြစ်သည်။ OpenAl သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ChatGPT ကို မိတ်ဆက်ပြီးကတည်း က ဉာဏ်ရည်တုနည်းပညာ အသုံးပြုမှုသည် ကမ္ဘာအဝှမ်း၌ လျင်မြန်စွာ တိုးတက်လာခဲ့သည်။