နိုဝင္ဘာလအတြက္ ပရီးမီးယားလိဂ္ တစ္လတာ အေကာင္းဆုံး ကစားသမားဆုကို မက္ဂြိဳင္းယား ရရွိ

ဒီဇင္ဘာ ၈

ပရီးမီးယားလိဂ္ေဘာလုံး အဖြဲ႕ခ်ဳပ္က လစဥ္ေပးအပ္သည့္ဆုျဖစ္ေသာ ၿပီးခဲ့သည့္ နိုဝင္ဘာလအတြက္ တစ္လတာ အေကာင္းဆုံး ကစားသမားဆုကို မန္ယူအသင္းခံစစ္ ကစားသမား မက္ဂြိဳင္းယားက ရရွိခဲ့ေၾကာင္း သိရသည္။

နိုဝင္ဘာလအတြက္ ပရီးမီးယားလိဂ္တစ္လတာ အေကာင္းဆုံး ကစားသမားဆု ဆန္ခါတင္ကစားသမားစာရင္းတြင္ မက္ဂြိဳင္းယားသည္ မန္စီးတီးအသင္းမွ ဒိုကူ၊ နယူးကာဆယ္အသင္းမွ ေဂၚဒြန္၊လူတန္အသင္းမွ ကာမင္စကီး၊ ခ်ယ္လ္ဆီးအသင္းမွ စတာလင္း၊ ဘုန္းေမာက္စ္အသင္းမွ တာဗာနီးယားတို႔ ႏွင့္အတူ ပါဝင္လာကာ ၎တို႔ကိုေက်ာ္ျဖတ္ၿပီး ရရွိခဲ့ျခင္းျဖစ္ပါသည္။

အသက္ ၃၀ အရြယ္ မက္ဂြိဳင္းယားသည္ ၿပီးခဲ့သည့္ ေဘာလုံးရာသီက မန္ယူအသင္း၌ အမွားအယြင္းမ်ားစြာျပဳလုပ္ၿပီး ေျခစြမ္းပိုင္းတည္ၿငိမ္မႈမရွိဘဲ ႐ုန္းကန္ရမႈမ်ားေၾကာင့္ ယခုေဘာလုံးရာသီတြင္ နည္းျပတန္ဟတ္၏ ယုံၾကည္မႈမရရွိေတာ့ဘဲ ေႏြရာသီ ကစားသမား အေျပာင္းအေရႊ႕ကာလက မန္ယူအသင္း၏ အေရာင္းစာရင္းတင္ခံရၿပီး ဝက္စ္ဟမ္းအသင္းသို႔ ေျပာင္းေရႊ႕ရန္ နီးစပ္ခဲ့ေသာ္လည္း မေျပာင္းေရႊ႕ျဖစ္ဘဲ မန္ယူအသင္း၌သာ ဆက္လက္ကစားခဲ့ရျခင္းျဖစ္သည္။

မက္ဂြိဳင္းယားသည္ နိုဝင္ဘာလအတြင္း မန္ယူ အသင္းႏွင့္ သုံးပြဲပါဝင္ကစားခဲ့ရာ ေျခစြမ္းျပနိုင္ခဲ့ၿပီး သုံးပြဲစလုံး ဂိုးမေပးရေအာင္ ခံစစ္တြင္ အေကာင္းဆုံး စြမ္းေဆာင္နိုင္သည့္ အတြက္ တစ္လတာ အေကာင္းဆုံး ကစားသမားဆုကို ရယူနိုင္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

=============

နိုဝင်ဘာလအတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို မက်ဂွိုင်းယား ရရှိ

ဒီဇင်ဘာ ၈

ပရီးမီးယားလိဂ်ဘောလုံး အဖွဲ့ချုပ်က လစဉ်ပေးအပ်သည့်ဆုဖြစ်သော ပြီးခဲ့သည့် နိုဝင်ဘာလအတွက် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို မန်ယူအသင်းခံစစ် ကစားသမား မက်ဂွိုင်းယားက ရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလအတွက် ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံး ကစားသမားဆု ဆန်ခါတင်ကစားသမားစာရင်းတွင် မက်ဂွိုင်းယားသည် မန်စီးတီးအသင်းမှ ဒိုကူ၊ နယူးကာဆယ်အသင်းမှ ဂေါ်ဒွန်၊လူတန်အသင်းမှ ကာမင်စကီး၊ ချယ်လ်ဆီးအသင်းမှ စတာလင်း၊ ဘုန်းမောက်စ်အသင်းမှ တာဗာနီးယားတို့ နှင့်အတူ ပါဝင်လာကာ ၎င်းတို့ကိုကျော်ဖြတ်ပြီး ရရှိခဲ့ခြင်းဖြစ်ပါသည်။

အသက် ၃၀ အရွယ် မက်ဂွိုင်းယားသည် ပြီးခဲ့သည့် ဘောလုံးရာသီက မန်ယူအသင်း၌ အမှားအယွင်းများစွာပြုလုပ်ပြီး ခြေစွမ်းပိုင်းတည်ငြိမ်မှုမရှိဘဲ ရုန်းကန်ရမှုများကြောင့် ယခုဘောလုံးရာသီတွင် နည်းပြတန်ဟတ်၏ ယုံကြည်မှုမရရှိတော့ဘဲ နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလက မန်ယူအသင်း၏ အရောင်းစာရင်းတင်ခံရပြီး ဝက်စ်ဟမ်းအသင်းသို့ ပြောင်းရွှေ့ရန် နီးစပ်ခဲ့သော်လည်း မပြောင်းရွှေ့ဖြစ်ဘဲ မန်ယူအသင်း၌သာ ဆက်လက်ကစားခဲ့ရခြင်းဖြစ်သည်။

မက်ဂွိုင်းယားသည် နိုဝင်ဘာလအတွင်း မန်ယူ အသင်းနှင့် သုံးပွဲပါဝင်ကစားခဲ့ရာ ခြေစွမ်းပြနိုင်ခဲ့ပြီး သုံးပွဲစလုံး ဂိုးမပေးရအောင် ခံစစ်တွင် အကောင်းဆုံး စွမ်းဆောင်နိုင်သည့် အတွက် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။