လူငယ္ကစားသမား မိန္ႏူးကို လက္ရွိလစာ၏သုံးဆတိုးေပးလိုက္တဲ့ မန္ယူ

မတ္ ၁၁

မန္ယူအသင္းဟာ လူငယ္ကြင္းလယ္ကစားသမား မိန္ႏူးကို လက္ရွိလစာ၏ (၃)ဆႏႈန္းထားျဖင့္ သက္တမ္းတိုးရန္ သေဘာတူညီမႈရရွိခဲ့ၿပီျဖစ္ေၾကာင္း သိရပါတယ္။

အသက္၁၈ႏွစ္အရြယ္ရွိ မိန္ႏူး၏ လက္ရွိစာခ်ဳပ္မွာ ၂၀၂၆ ခုႏွစ္အထိျဖစ္ၿပီး တစ္ပတ္ ေပါင္(၂၀၀၀၀)ရရွိေနပါတယ္။ အဆိုပါကစားသမားဟာ ယခုရာသီတြင္ မန္ယူအသင္းအတြက္ စတင္ပြဲထြက္ခြင့္ရခဲ့ၿပီး ေျခစြမ္းျပနိုင္ခဲ့သည့္အတြက္ မန္ယူအသင္းက သက္တမ္းတိုးရန္ ႀကိဳးပမ္းခဲ့ျခင္းျဖစ္ပါတယ္။

စာခ်ဳပ္သစ္မွာ ၂၀၃၀ ခုႏွစ္အထိျဖစ္ၿပီး မိန္ႏူးအေနျဖင့္ တစ္ပတ္ေပါင္(၆၀၀၀၀)အထိ တိုးျမင့္ရရွိသြားမည္ျဖစ္ေၾကာင္း သိရပါတယ္။

==========

လူငယ်ကစားသမား မိန်နူးကို လက်ရှိလစာ၏သုံးဆတိုးပေးလိုက်တဲ့ မန်ယူ

မတ် ၁၁

မန်ယူအသင်းဟာ လူငယ်ကွင်းလယ်ကစားသမား မိန်နူးကို လက်ရှိလစာ၏ (၃)ဆနှုန်းထားဖြင့် သက်တမ်းတိုးရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

အသက်၁၈နှစ်အရွယ်ရှိ မိန်နူး၏ လက်ရှိစာချုပ်မှာ ၂၀၂၆ ခုနှစ်အထိဖြစ်ပြီး တစ်ပတ် ပေါင်(၂၀၀၀၀)ရရှိနေပါတယ်။ အဆိုပါကစားသမားဟာ ယခုရာသီတွင် မန်ယူအသင်းအတွက် စတင်ပွဲထွက်ခွင့်ရခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် မန်ယူအသင်းက သက်တမ်းတိုးရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပါတယ်။

စာချုပ်သစ်မှာ ၂၀၃၀ ခုနှစ်အထိဖြစ်ပြီး မိန်နူးအနေဖြင့် တစ်ပတ်ပေါင်(၆၀၀၀၀)အထိ တိုးမြင့်ရရှိသွားမည်ဖြစ်ကြောင်း သိရပါတယ်။