ဒုတိယႀကိမ္အျဖစ္ ျပန္လည္ယွဥ္ၿပိဳင္ထိုးသတ္က်မယ့္ မာလီခင္ နဲ႔ ရိုင္နီယာ

ဇန္နဝါရီ ၉

One Championship က ဒုတိယႀကိမ္အျဖစ္ ျပန္လည္ယွဥ္ၿပိဳင္ထိုးသတ္က်မယ့္ မာလီခင္နဲ႔ရိုင္နီယာကို လာမယ့္ ၃လပိုင္းမွာ ပြဲတည္ေပးထားပါတယ္။

ပထမတစ္ႀကိမ္ေတြ႕ဆုံမႈမွာေတာ့ ဒီရိုက္ဒါ တစ္ေယာက္ႀကိဳးဝိုင္းအတြင္းကေန ထမ္းစင္နဲ႔ သယ္သြားခဲ့ရပါတယ္။

အခုလာမယ့္ပြဲအတြက္ မာလီခင္ကို ေကာင္းေကာင္းယွဥ္ၿပိဳင္နိုင္ဖို႔ ေဘာက္ဆင္ပိုင္းကို အထူးေလ့က်င့္ေနတယ္လို႔ သိရပါတယ္။

မာလီခင္နဲ႔ ရိုင္နီယာတို႔ဟာ ကာတာမွာက်င္းပမယ့္ မတ္လ (၁) ရက္ေန႔ One 166 ၿပိဳင္ပြဲမွာ ယွဥ္ၿပိဳင္သြားမွာျဖစ္ပါတယ္။

ဒီပြဲသာနိုင္သြားရင္ မာလီခင္က ကမၻာ့ပထမဆုံး ဝိတ္တန္း (၃) ခုခ်န္ပီယံ ျဖစ္လာမွာပါ။

ထို႔ေၾကာင့္ ပထမတစ္ႀကိမ္က ရႈံးေႂကြးကို ရိုင္နီယာ ျပန္ဆပ္နိုင္မလား..၊ မာလီခင္ကပဲ ကမၻာ့ပထမဆုံး ဝိတ္တန္း (၃) ခုခ်န္ပီယံ ျဖစ္သြားမလား ဆိုတာ ၾကည့္ေကာင္းမယ့္ ပြဲေကာင္း တစ္ပြဲလည္းျဖစ္ပါတယ္။

===============

ဒုတိယကြိမ်အဖြစ် ပြန်လည်ယှဉ်ပြိုင်ထိုးသတ်ကျမယ့် မာလီခင် နဲ့ ရိုင်နီယာ

ဇန်နဝါရီ ၉

One Championship က ဒုတိယကြိမ်အဖြစ် ပြန်လည်ယှဉ်ပြိုင်ထိုးသတ်ကျမယ့် မာလီခင်နဲ့ရိုင်နီယာကို လာမယ့် ၃လပိုင်းမှာ ပွဲတည်ပေးထားပါတယ်။

ပထမတစ်ကြိမ်တွေ့ဆုံမှုမှာတော့ ဒီရိုက်ဒါ တစ်ယောက်ကြိုးဝိုင်းအတွင်းကနေ ထမ်းစင်နဲ့ သယ်သွားခဲ့ရပါတယ်။

အခုလာမယ့်ပွဲအတွက် မာလီခင်ကို ကောင်းကောင်းယှဉ်ပြိုင်နိုင်ဖို့ ဘောက်ဆင်ပိုင်းကို အထူးလေ့ကျင့်နေတယ်လို့ သိရပါတယ်။

မာလီခင်နဲ့ ရိုင်နီယာတို့ဟာ ကာတာမှာကျင်းပမယ့် မတ်လ (၁) ရက်နေ့ One 166 ပြိုင်ပွဲမှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

ဒီပွဲသာနိုင်သွားရင် မာလီခင်က ကမ္ဘာ့ပထမဆုံး ဝိတ်တန်း (၃) ခုချန်ပီယံ ဖြစ်လာမှာပါ။

ထို့ကြောင့် ပထမတစ်ကြိမ်က ရှုံးကြွေးကို ရိုင်နီယာ ပြန်ဆပ်နိုင်မလား..၊ မာလီခင်ကပဲ ကမ္ဘာ့ပထမဆုံး ဝိတ်တန်း (၃) ခုချန်ပီယံ ဖြစ်သွားမလား ဆိုတာ ကြည့်ကောင်းမယ့် ပွဲကောင်း တစ်ပွဲလည်းဖြစ်ပါတယ်။