Austin က ကမ္းလွမ္းပါက Biden သည္ ႏုတ္ထြက္စာကို လက္ခံမည္မဟုတ္ဟု ဆို

ဇန္နဝါရီ ၉

သမၼတ ဂ်ိဳးဘိုင္ဒင္သည္ ၎၏အေရးေပၚ ေဆး႐ုံတက္ရမႈႏွင့္ ပတ္သက္၍ အိမ္ျဖဴေတာ္အား မေျပာျပခဲ့သည့္ေနာက္ ကာကြယ္ေရးဝန္ ႀကီး လြိဳက္ေအာ္စတင္အား ရာထူးမွ ထုတ္ပယ္ရန္ မစဥ္းစားထားေၾကာင္း အႀကီးတန္းအုပ္ခ်ဳပ္ေရးအရာရွိေလးဦးက POLITICO သို႔ ေျပာၾကားခဲ့သည္။

ထို႔အျပင္ ေအာ္စတင္အား ကမ္းလွမ္းပါက သမၼတ ႏုတ္ထြက္စာကို လက္ခံမည္မဟုတ္ေၾကာင္း တာဝန္ရွိသူတစ္ဦးက မွတ္ခ်က္ျပဳခဲ့သည္။

“ေအာ္စတင္ ဘယ္ကိုမွ မသြားဘူး” ဟု အႀကီးတန္း အုပ္ခ်ဳပ္ေရး အရာရွိ တစ္ဦးက ေျပာသည္။ Austin သည္ ရာထူးမွ ႏုတ္ထြက္ရန္ အစီအစဥ္မရွိဟု ပင္တဂြန္က ေၾကညာထားၿပီးျဖစ္သည္။ “ကၽြန္ုပ္တို႔၏ နိုင္ငံ ေတာ္ကာကြယ္ေရးအတြက္ ကာကြယ္ေရးဝန္ႀကီးအျဖစ္ သူ၏တာဝန္မ်ားကို ထမ္းေဆာင္ရန္ အာ႐ုံစိုက္ေနဆဲျဖစ္သည္” ဟု အေမရိကန္နိုင္ငံ ကာကြယ္ေရးဌာန(United States Department of Defense – DOD) ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ Patrick Ryder က သတင္းေထာက္မ်ားအား ေျပာၾကားခဲ့သည္။

Austin ဘက္မွရပ္တည္ရန္ Biden ၏ ဆုံးျဖတ္ ခ်က္သည္ သမၼတေဟာင္း Donald Trump အပါအဝင္ ရီပတ္ဘလစ္ကန္မ်ားက ရာထူးမွ ထုတ္ပယ္ရန္ ေတာင္းဆိုမႈမ်ားၾကားတြင္ ထြက္ေပၚလာျခင္းျဖစ္ သည္။ Austin သည္ Walter Reed National Military Medical Center တြင္ ထုတ္ေဖာ္ျပသျခင္းမရွိေသာ ခြဲစိတ္မႈမွ ေနာက္ဆက္တြဲျပႆနာမ်ားႏွင့္အတူ ေဆး႐ုံတက္ေနရေၾကာင္း ထုတ္ေဖာ္ေျပာၾကားျခင္းမရွိခဲ့သလို သူ႔တြင္ မည္သည့္ေရာဂါရွိေၾကာင္းႏွင့္ ယင္းကဲ့သို႔ ထိလြယ္ရွလြယ္ကိစၥရပ္ကို လၽွို႔ဝွက္ထားရန္ ဆုံးျဖတ္ခဲ့ျခင္းအေပၚ ေမးခြန္းထုတ္လာျခင္းျဖစ္ သည္။

ေအာ္စတင္သည္ အိမ္ျဖဴေတာ္ သို႔မဟုတ္ ၎၏ လက္ေထာက္အား ေဆး႐ုံတက္ရန္ သုံးရက္ၾကာ အေၾကာင္းၾကားျခင္းမရွိေသာ္လည္း Austin ႏွင့္ ၎ ၏အဖြဲ႕သည္ ေကာင္းမြန္ေသာအေနအထားတြင္ ရွိေန သည္ဟု ဘိုင္ဒင္ႏွင့္ ၎၏ အဖြဲ႕မွ အခိုင္အမာ ေျပာ ဆိုထားသည္။ ၎တို႔ႏွစ္ဦးစလုံးသည္ စေနေန႔တြင္ ေအာ္စတင္၏ ဇန္နဝါရီ ၁ ရက္က ေဆး႐ုံတက္ၿပီးေနာက္ ပထမဆုံး စကားေျပာဆိုမႈတစ္ခု ျပဳလုပ္ခဲ့ၿပီး Biden မွ အတြင္းေရးမႉးကို မၾကာမီ ပင္တဂြန္တြင္ ျပန္ေတြ႕ရန္ ေမၽွာ္လင့္ေၾကာင္း Biden က ေျပာၾကားခဲ့သည္ဟု Politico သတင္းဌာနက ေဖာ္ျပထားသည္။

==============

Austin က ကမ်းလှမ်းပါက Biden သည် နုတ်ထွက်စာကို လက်ခံမည်မဟုတ်ဟု ဆို

ဇန်နဝါရီ ၉

သမ္မတ ဂျိုးဘိုင်ဒင်သည် ၎င်း၏အရေးပေါ် ဆေးရုံတက်ရမှုနှင့် ပတ်သက်၍ အိမ်ဖြူတော်အား မပြောပြခဲ့သည့်နောက် ကာကွယ်ရေးဝန် ကြီး လွိုက်အော်စတင်အား ရာထူးမှ ထုတ်ပယ်ရန် မစဉ်းစားထားကြောင်း အကြီးတန်းအုပ်ချုပ်ရေးအရာရှိလေးဦးက POLITICO သို့ ပြောကြားခဲ့သည်။

ထို့အပြင် အော်စတင်အား ကမ်းလှမ်းပါက သမ္မတ နုတ်ထွက်စာကို လက်ခံမည်မဟုတ်ကြောင်း တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုခဲ့သည်။

“အော်စတင် ဘယ်ကိုမှ မသွားဘူး” ဟု အကြီးတန်း အုပ်ချုပ်ရေး အရာရှိ တစ်ဦးက ပြောသည်။ Austin သည် ရာထူးမှ နုတ်ထွက်ရန် အစီအစဉ်မရှိဟု ပင်တဂွန်က ကြေညာထားပြီးဖြစ်သည်။ “ကျွန်ုပ်တို့၏ နိုင်ငံ တော်ကာကွယ်ရေးအတွက် ကာကွယ်ရေးဝန်ကြီးအဖြစ် သူ၏တာဝန်များကို ထမ်းဆောင်ရန် အာရုံစိုက်နေဆဲဖြစ်သည်” ဟု အမေရိကန်နိုင်ငံ ကာကွယ်ရေးဌာန(United States Department of Defense – DOD) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် Patrick Ryder က သတင်းထောက်များအား ပြောကြားခဲ့သည်။

Austin ဘက်မှရပ်တည်ရန် Biden ၏ ဆုံးဖြတ် ချက်သည် သမ္မတဟောင်း Donald Trump အပါအဝင် ရီပတ်ဘလစ်ကန်များက ရာထူးမှ ထုတ်ပယ်ရန် တောင်းဆိုမှုများကြားတွင် ထွက်ပေါ်လာခြင်းဖြစ် သည်။ Austin သည် Walter Reed National Military Medical Center တွင် ထုတ်ဖော်ပြသခြင်းမရှိသော ခွဲစိတ်မှုမှ နောက်ဆက်တွဲပြဿနာများနှင့်အတူ ဆေးရုံတက်နေရကြောင်း ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့သလို သူ့တွင် မည်သည့်ရောဂါရှိကြောင်းနှင့် ယင်းကဲ့သို့ ထိလွယ်ရှလွယ်ကိစ္စရပ်ကို လျှို့ဝှက်ထားရန် ဆုံးဖြတ်ခဲ့ခြင်းအပေါ် မေးခွန်းထုတ်လာခြင်းဖြစ် သည်။

အော်စတင်သည် အိမ်ဖြူတော် သို့မဟုတ် ၎င်း၏ လက်ထောက်အား ဆေးရုံတက်ရန် သုံးရက်ကြာ အကြောင်းကြားခြင်းမရှိသော်လည်း Austin နှင့် ၎င်း ၏အဖွဲ့သည် ကောင်းမွန်သောအနေအထားတွင် ရှိနေ သည်ဟု ဘိုင်ဒင်နှင့် ၎င်း၏ အဖွဲ့မှ အခိုင်အမာ ပြော ဆိုထားသည်။ ၎င်းတို့နှစ်ဦးစလုံးသည် စနေနေ့တွင် အော်စတင်၏ ဇန်နဝါရီ ၁ ရက်က ဆေးရုံတက်ပြီးနောက် ပထမဆုံး စကားပြောဆိုမှုတစ်ခု ပြုလုပ်ခဲ့ပြီး Biden မှ အတွင်းရေးမှူးကို မကြာမီ ပင်တဂွန်တွင် ပြန်တွေ့ရန် မျှော်လင့်ကြောင်း Biden က ပြောကြားခဲ့သည်ဟု Politico သတင်းဌာနက ဖော်ပြထားသည်။