ထိုင်းဝန်ကြီးချုပ်ဟောင်းယင်လတ် တရားရုံးမှာ အမှုရင်ဆိုင်

yingluck-2016-620-413-100

ထိုင်းနိုင်ငံဝန်ကြီးချုပ်အဖြစ်မှ ဖယ်ရှားခံခဲ့ရတဲ့ ယင်လတ်ရှင်နာဝပ်က သူမအပေါ် စွဲချက်တင်ထားတဲ့ လယ်သမား ထောက်ပံ့ငွေ အမှုကိစ္စအတွက် တရားရုံးမှာ (သြဂုတ် ၂ ရက်) လာရောက်ထွက်ဆိုပါတယ်။

ယင်လတ်ဟာ ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်ပြီး မေလအတွင်း စစ်တပ်က အာဏာမသိမ်းမီ ရက်ပိုင်းအလိုမှာ တရားရုံးဆုံးဖြတ်ချက်ဖြင့် ရာထူးမှဖယ်ရှားခံခဲ့ရပါတယ်။ လယ်သမားတွေကို ထောက်ပံ့ငွေများ ထုတ်ပေးခဲ့တဲ့ အစီအစဉ်က ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲမှာ ယင်လတ်ကို အပြတ်အသတ် အနိုင်ရရှိစေခဲ့ပါတယ်။

အဆိုပါ လယ်သမားထောက်ပံ့ငွေ အစီအစဉ်ကြောင့် နိုင်ငံရဲ့ဘဏ္ဍာငွေ အမေရိကန်ဒေါ် ၂၀ ဘီလီယံ ဆုံးရှုံး နစ်နာခဲ့ကြောင်း ဝေဖန်စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။ တရားရုံးကို အမှုရင်ဆိုင်ရန် ရောက်ရှိလာတဲ့ ယင်လတ်က ယခုအမှုမှာ သူမအနေနဲ့ အပြစ်မရှိကြောင်း အကောင်းဆုံး သက်သေပြသွားမယ်လို့ သူမအား ထောက်ခံသူတွေနဲ့ သင်းထောက်တွေကို ပြောပါတယ်။ ယင်လတ်ရဲ့ အကိုဖြစ်သူ သက်ဆင်ရှင်နာဝပ်မှာလည်း ထိုင်းဝန်ကြီးချုပ်ဟောင်း ဖြစ်ပါတယ်။

Source & Photo: CNA, Reuters


Leave a Reply