တစ္နိုင္ငံလုံး အတိုင္းအတာျဖင့္ တကၠသိုလ္ဝင္စာေမးပြဲမ်ား စတင္ေျဖဆို

စနစ္သစ္ သင္ရိုးျဖင့္ ပထမဆုံးအႀကိမ္အေနျဖင့္ ေျဖဆိုရမည့္ Grade 12 (တကၠသိုလ္ဝင္တန္း) စာေမးပြဲမ်ား ယေန႔ နံနက္တြင္ တစ္နိုင္ငံလုံး အတိုင္းအတာျဖင့္ စတင္ေျဖဆိုေနၿပီျဖစ္သည္။
ရန္ကုန္တိုင္းေဒသႀကီး၌ ေက်ာင္းသား၊ ေက်ာင္းသူ ၁၈၉၅၁ ေယာက္ ေျဖဆိုသြားမည္ျဖစ္ၿပီး ျပင္ပေျဖဆိုသူ ၂၅၀၉ေယာက္ ပါဝင္ကာ စာစစ္ဌာန (၇၃) ခု ဖြင့္လွစ္ထားေၾကာင္း သိရသည္။
ထို႔ျပင္ စာေမးပြဲကာလအတြင္း ေဆး႐ုံတက္ေရာက္ေဆးဝါး ကုသမႈခံယူေနၾကရသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားနစ္နာမႈမရွိေစရန္ ရန္ကုန္ရွိ ေဆး႐ုံစာေျဖဌာန (၄) ခု ကိုလည္း ဖြင့္လွစ္ေပးထားသည္။
‌‌‎
ယေန႔မတ္လ (၁၁) ရက္တြင္ ျမန္မာစာဘာသာကို စတင္ေျဖဆိုေနၿပီျဖစ္ၿပီး မတ္လ (၁၂)ရက္တြင္ အဂၤလိပ္စာ၊ မတ္လ (၁၃) ရက္တြင္ သခၤ်ာ၊ မတ္လ (၁၄) ရက္တြင္ ဓာတုေဗဒ/ပထဝီဝင္၊ မတ္လ (၁၅) ရက္တြင္ ႐ူပေဗဒ/သမိုင္း၊ မတ္လ (၁၆) ရက္ ဇီဝေဗဒ/ေဘာဂေဗဒ ဘာသာရပ္တို႔ကို ေျခာက္ဘာသာလုံး နားရက္ မရွိဆက္တိုက္ေျဖဆိုရမည္ျဖစ္သည္။
ထို႔ေနာက္ မတ္လ (၁၇) ရက္တြင္ တစ္ရက္ပိတ္ကာ မတ္လ (၁၈) ရက္တြင္ လူမႈေရးသိပၸံႏွင့္ မတ္လ (၁၉) ရက္တြင္ စိတ္ႀကိဳက္ျမန္မာစာတို႔ကို ေျဖဆိုရမည့္ရက္အလိုက္ နံနက္ (၉) နာရီမွ (၁၂) နာရီအထိ ေျဖဆိုရမည္ျဖစ္သည္။

=========

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲများ စတင်ဖြေဆို

စနစ်သစ် သင်ရိုးဖြင့် ပထမဆုံးအကြိမ်အနေဖြင့် ဖြေဆိုရမည့် Grade 12 (တက္ကသိုလ်ဝင်တန်း) စာမေးပွဲများ ယနေ့ နံနက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတင်ဖြေဆိုနေပြီဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး၌ ကျောင်းသား၊ ကျောင်းသူ ၁၈၉၅၁ ယောက် ဖြေဆိုသွားမည်ဖြစ်ပြီး ပြင်ပဖြေဆိုသူ ၂၅၀၉ယောက် ပါဝင်ကာ စာစစ်ဌာန (၇၃) ခု ဖွင့်လှစ်ထားကြောင်း သိရသည်။
ထို့ပြင် စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက်ဆေးဝါး ကုသမှုခံယူနေကြရသည့် ကျောင်းသား၊ ကျောင်းသူများနစ်နာမှုမရှိစေရန် ရန်ကုန်ရှိ ဆေးရုံစာဖြေဌာန (၄) ခု ကိုလည်း ဖွင့်လှစ်ပေးထားသည်။
‌‌‎
ယနေ့မတ်လ (၁၁) ရက်တွင် မြန်မာစာဘာသာကို စတင်ဖြေဆိုနေပြီဖြစ်ပြီး မတ်လ (၁၂)ရက်တွင် အင်္ဂလိပ်စာ၊ မတ်လ (၁၃) ရက်တွင် သင်္ချာ၊ မတ်လ (၁၄) ရက်တွင် ဓာတုဗေဒ/ပထဝီဝင်၊ မတ်လ (၁၅) ရက်တွင် ရူပဗေဒ/သမိုင်း၊ မတ်လ (၁၆) ရက် ဇီဝဗေဒ/ဘောဂဗေဒ ဘာသာရပ်တို့ကို ခြောက်ဘာသာလုံး နားရက် မရှိဆက်တိုက်ဖြေဆိုရမည်ဖြစ်သည်။
ထို့နောက် မတ်လ (၁၇) ရက်တွင် တစ်ရက်ပိတ်ကာ မတ်လ (၁၈) ရက်တွင် လူမှုရေးသိပ္ပံနှင့် မတ်လ (၁၉) ရက်တွင် စိတ်ကြိုက်မြန်မာစာတို့ကို ဖြေဆိုရမည့်ရက်အလိုက် နံနက် (၉) နာရီမှ (၁၂) နာရီအထိ ဖြေဆိုရမည်ဖြစ်သည်။