လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၂၄ ပါတီနှင့် ကိုယ်စားလှယ်လောင်း ၉၆ ဦး ဝင်ပြိုင်မည်

လာမည့် ကြားဖြတ်ရွေးကောက်ပွဲကို နိုင်ငံရေးပါတီ ၂၄ ပါတီနှင့် ကိုယ်စားလှယ်လောင်း ၉၆ ဦးတို့ ဝင်ပြိုင်ကြမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေး မှူးချုပ် ဦးတင်ထွန်းထံမှ သတင်းရရှိသည်။

နိုင်ငံရေးပါတီ ၂၄ ပါတီမှ ကိုယ်စားလှယ်လောင်း ၈၉ ဦးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ခုနစ်ဦး၊ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၉၆ ဦးတို့သည် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်ရန် စာရင်းသွင်းထားသည်ဟု ဦးတင်ထွန်းက ပြောသည်။

ပြည်သူ့လွှတ်တော်တွင် တစ်သီးပုဂ္ဂလခြောက်ဦးအပါအဝင် ကိုယ်စားလှယ်လောင်း ၅၀ ဦး၊ အမျိုးသားလွှတ်တော် တွင် တစ်သီးပုဂ္ဂလ တစ်ဦးအပါအဝင် ၁၅ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တွင် ကိုယ်စားလှယ်လောင်း ၃၁ ဦး တို့သည် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားကြသည်။

ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ဒီဇင်ဘာ ၇ ရက် နောက်ဆုံးထားပြီး အမည်စာရင်း တင်သွင်းကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသည်။

လက်ရှိ လွှတ်တော်တွင်းရှိ လစ်လပ်နေရာများအတွက် ကြား ဖြတ်ရွေးကောက်ပွဲကို လာမည့် နှစ်ဧပြီ ၁ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့ပြီး လစ်လပ်မဲဆန္ဒနယ် ၁၉ နေ ရာ၌ ကျင်းပမည်ဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲကို လစ်လပ်မဲဆန္ဒနယ်များရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှစ်ခုမှ မြို့နယ် ၂၁ မြို့နယ် ၌ ကျင်းပမည်ဖြစ်သည်။ လစ်လပ်မဲဆန္ဒ နယ် ၁၉ နေရာတွင် ပြည်သူ့လွှတ် တော်အတွက် ကိုးနေရာ၊ အမျိုးသား လွှတ်တော်အတွက် သုံးနေရာ၊ ပြည်နယ်လွှတ်တော်အတွက် ခုနစ်နေရာတို့ဖြစ်သည်။

အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲကို အနိုင်ရပါတီအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နေရာပြည့် ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

# The Voice


Leave a Reply