ေအာ္စကာဆု ၇ ဆု ဆြတ္ခူးနိုင္ခဲ့တဲ့ Oppenheimer ဇာတ္ကား

ေအာ္စကာဆု ၁၃ ဆုအတြက္ ဆန္ခါတင္စာရင္းဝင္ခဲ့တဲ့ Oppenheimer ဇာတ္ကားကေတာ့ ေအာ္စကာဆု ၇ ဆု ဆြတ္ခူးခဲ့ၿပီး ဒီႏွစ္ဆုေပးပြဲမွာ ဆုအမ်ားဆုံးရရွိတဲ့ ဇာတ္ကားျဖစ္ခဲ့ပါတယ္။ အဏုျမဴဗုံးရဲ့ဖခင္လို႔ တင္စားခံရသူ အေမရိကန္သိပၸံပညာရွင္ ေရာဘတ္ေအာ္ပန္ဟိုင္းမားအေၾကာင္း ရိုက္ကူးထားတဲ့ ဒီဇာတ္ကားဟာ ဝက္ဝက္ကြဲ ေအာင္ျမင္ခဲ့ၿပီး ေရႊကမၻာလုံးဆုေပးပြဲမွာလည္း ဆု ၈ ဆု ရခဲ့တာပါ။
ေအာ္ပန္ဟိုင္းမားအျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ မင္းသား စီလီယံမာဖီက အေကာင္းဆုံးအမ်ိဳးသားဇာတ္ေဆာင္ဆု၊ ခရစၥတိုဖာနိုလန္က အေကာင္းဆုံးဒါရိုက္တာဆု၊ ေရာဘတ္ေဒါေနးဂ်ဴနီယာက အေကာင္းဆုံးဇာတ္ပို႔ဆုေတြ ရခဲ့တဲ့အျပင္ အေကာင္းဆုံးဇာတ္ကားဆု၊ အေကာင္းဆုံး တည္းျဖတ္ဆု၊ ဓာတ္ပုံဆု၊ ေနာက္ခံေတးဂီတဆုေတြ ဆြတ္ခူးခဲ့တာပါ။ ေရာဘတ္ေဒါေနးဂ်ဴနီယာအတြက္ ပထမဆုံးအႀကိမ္ ေအာ္စကာဆု ဆြတ္ခူးနိုင္ခဲ့တာလည္း ျဖစ္ပါတယ္။
၉၆ ႀကိမ္ေျမာက္ ေအာ္စကာဆုေပးပြဲမွာ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို Poor things ဇာတ္ကားမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ အမ္မာစတုန္းက ဆြတ္ခူးခဲ့ပါတယ္။ အေမရိကန္မင္းသမီး အမ္မာစတုန္းအတြက္ ဒုတိယေျမာက္ ေအာ္စကာဆု ရရွိမႈျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္မွာ ႐ုံဝင္ေၾကးအမ်ားဆုံးရရွိခဲ့တဲ့ Barbie ဇာတ္ကားကေတာ့ အေကာင္းဆုံး ဇာတ္ဝင္ေတး တစ္ဆုပဲ ရခဲ့ပါတယ္။ အဲဒီသီခ်င္းကို ဘီလီအီလစ္ရွ္နဲ႔ သူ႔အစ္ကို ဖင္နီယာတို႔ ေပါင္းစပ္ေရးသားခဲ့တာျဖစ္ၿပီး သူတို႔ေမာင္ႏွမဟာ ေအာ္စကာဆု ၂ ဆု ဆြတ္ခူးနိုင္သူေတြထဲမွာ အသက္အငယ္ဆုံးအျဖစ္လည္း စံခ်ိန္တင္နိုင္ခဲ့ပါတယ္။

#yoyarlay

======

အော်စကာဆု ၇ ဆု ဆွတ်ခူးနိုင်ခဲ့တဲ့ Oppenheimer ဇာတ်ကား

အော်စကာဆု ၁၃ ဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့တဲ့ Oppenheimer ဇာတ်ကားကတော့ အော်စကာဆု ၇ ဆု ဆွတ်ခူးခဲ့ပြီး ဒီနှစ်ဆုပေးပွဲမှာ ဆုအများဆုံးရရှိတဲ့ ဇာတ်ကားဖြစ်ခဲ့ပါတယ်။ အဏုမြူဗုံးရဲ့ဖခင်လို့ တင်စားခံရသူ အမေရိကန်သိပ္ပံပညာရှင် ရောဘတ်အော်ပန်ဟိုင်းမားအကြောင်း ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့ပြီး ရွှေကမ္ဘာလုံးဆုပေးပွဲမှာလည်း ဆု ၈ ဆု ရခဲ့တာပါ။
အော်ပန်ဟိုင်းမားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား စီလီယံမာဖီက အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု၊ ခရစ္စတိုဖာနိုလန်က အကောင်းဆုံးဒါရိုက်တာဆု၊ ရောဘတ်ဒေါနေးဂျူနီယာက အကောင်းဆုံးဇာတ်ပို့ဆုတွေ ရခဲ့တဲ့အပြင် အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံး တည်းဖြတ်ဆု၊ ဓာတ်ပုံဆု၊ နောက်ခံတေးဂီတဆုတွေ ဆွတ်ခူးခဲ့တာပါ။ ရောဘတ်ဒေါနေးဂျူနီယာအတွက် ပထမဆုံးအကြိမ် အော်စကာဆု ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
၉၆ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို Poor things ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အမ်မာစတုန်းက ဆွတ်ခူးခဲ့ပါတယ်။ အမေရိကန်မင်းသမီး အမ်မာစတုန်းအတွက် ဒုတိယမြောက် အော်စကာဆု ရရှိမှုဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ ရုံဝင်ကြေးအများဆုံးရရှိခဲ့တဲ့ Barbie ဇာတ်ကားကတော့ အကောင်းဆုံး ဇာတ်ဝင်တေး တစ်ဆုပဲ ရခဲ့ပါတယ်။ အဲဒီသီချင်းကို ဘီလီအီလစ်ရှ်နဲ့ သူ့အစ်ကို ဖင်နီယာတို့ ပေါင်းစပ်ရေးသားခဲ့တာဖြစ်ပြီး သူတို့မောင်နှမဟာ အော်စကာဆု ၂ ဆု ဆွတ်ခူးနိုင်သူတွေထဲမှာ အသက်အငယ်ဆုံးအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။

#yoyarlay