ဗာဂ်ီးနီးယားေလယာဥ္ပ်က္က်မႈတြင္ လူ ၅ ဦးေသဆုံး

မတ္ ၁၁

အေမရိကန္နိုင္ငံ၊ ဗာဂ်ီးနီးယားျပည္နယ္ Ingall ေလဆိပ္အနီးတြင္ ေလယာဥ္ငယ္တစ္စီးပ်က္က်ခဲ့ရာ လူႀကီး ၄ ဦးႏွင့္ အရြယ္မေရာက္ေသးသူတစ္ဦး စုစုေပါင္း ၅ ဦးေသဆုံးေၾကာင္း ဗာဂ်ီးနီးယားျပည္နယ္ ရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္သည္။

အင္ဂ်င္ႏွစ္လုံးတပ္ IAI Astra 1125 ေလယာဥ္သည္ မတ္လ ၁၀ ရက္ေန႔ ေဒသစံေတာ္ခ်ိန္ ညေန ၃ နာရီဝန္းက်င္တြင္ပ်က္က်ခဲ့ေၾကာင္း FAA မွာ ေျပာၾကားခဲ့ၿပီး ရဲတပ္ဖြဲ႕မွ အဆိုပါေလယာဥ္အား ကိုယ္ပိုင္ဂ်က္ေလယာဥ္ဟု သတ္မွတ္ထားသည့္ ေလယာဥ္မွာ ေလဆိပ္လမ္း 6200 ဘေလာက္ရွိ ေတာအုပ္အတြင္းသို႔ ပ်က္က်ကာ မီးေလာင္ကၽြမ္းခဲ့သည္။

ဗာဂ်ီးနီးယားျပည္နယ္ရဲတပ္ဖြဲ႕မွ မြန္းလြဲ ၂ နာရီ ၅၈ မိနစ္တြင္ ေလယာဥ္ ပ်က္မႈႏွင့္ ပတ္သတ္၍ ၎တို႔၏ 911 စင္တာမွ ဖုန္းလက္ခံရရွိခဲ့ၿပီး ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ားလုပ္ေဆာင္ရန္ မီးသတ္ႏွင့္ ကယ္ဆယ္ေရးတပ္ဖြဲ႕မ်ားကို ေစလႊတ္ခဲ့သည္။

ေလယာဥ္ပ်က္သည့္အေၾကာင္းအရင္းႏွင့္ပတ္သက္ၿပီး ဖက္ဒရယ္ေလေၾကာင္းစီမံခန႔္ခြဲေရးအဖြဲ႕ႏွင့္ အမ်ိဳးသားသယ္ယူပို႔ေဆာင္ေရးက႑ ေဘးကင္းလုံျခဳံေရးဘုတ္အဖြဲ႕တို႔မွ စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္းသိရသည္။

=========

ဗာဂျီးနီးယားလေယာဉ်ပျက်ကျမှုတွင် လူ ၅ ဦးသေဆုံး

မတ် ၁၁

အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ် Ingall လေဆိပ်အနီးတွင် လေယာဉ်ငယ်တစ်စီးပျက်ကျခဲ့ရာ လူကြီး ၄ ဦးနှင့် အရွယ်မရောက်သေးသူတစ်ဦး စုစုပေါင်း ၅ ဦးသေဆုံးကြောင်း ဗာဂျီးနီးယားပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

အင်ဂျင်နှစ်လုံးတပ် IAI Astra 1125 လေယာဉ်သည် မတ်လ ၁၀ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီဝန်းကျင်တွင်ပျက်ကျခဲ့ကြောင်း FAA မှာ ပြောကြားခဲ့ပြီး ရဲတပ်ဖွဲ့မှ အဆိုပါလေယာဉ်အား ကိုယ်ပိုင်ဂျက်လေယာဉ်ဟု သတ်မှတ်ထားသည့် လေယာဉ်မှာ လေဆိပ်လမ်း 6200 ဘလောက်ရှိ တောအုပ်အတွင်းသို့ ပျက်ကျကာ မီးလောင်ကျွမ်းခဲ့သည်။

ဗာဂျီးနီးယားပြည်နယ်ရဲတပ်ဖွဲ့မှ မွန်းလွဲ ၂ နာရီ ၅၈ မိနစ်တွင် လေယာဉ် ပျက်မှုနှင့် ပတ်သတ်၍ ၎င်းတို့၏ 911 စင်တာမှ ဖုန်းလက်ခံရရှိခဲ့ပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်ရန် မီးသတ်နှင့် ကယ်ဆယ်ရေးတပ်ဖွဲ့များကို စေလွှတ်ခဲ့သည်။

လေယာဉ်ပျက်သည့်အကြောင်းအရင်းနှင့်ပတ်သက်ပြီး ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲရေးအဖွဲ့နှင့် အမျိုးသားသယ်ယူပို့ဆောင်ရေးကဏ္ဍ ဘေးကင်းလုံခြုံရေးဘုတ်အဖွဲ့တို့မှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။