တရုတ်ပြည်တွင် Lady Ga Ga ၏ အနုပညာလှုပ်ရှားမူများအား တားမြစ်လိုက်ပြီ

တရုတ်နိုင်ငံတွင် ဖျော်ဖြေရေးအစီအစဉ်များနှင့် အင်တာနက်ဖျော်ဖြေရေးအစီအစဉ်များ၌ Lady Ga Ga အား ပိတ်ပင် တားမြစ်လိုက်ကြောင်းသိရသည်။

Ga Ga

တရုတ်နိုင်ငံအနေဖြင့် အင်တာနက် စည်းမျဉ်းစည်းကမ်းများမှာ အလွန်တင်းကြပ်ပြီး Facebook နှင့် Twitter ကိုပင်ယခုချိန်ထိ ပိတ်ပင်ထားဆဲဖြစ်ကြောင်းသိရသည်။ Lady Ga Ga သည် Dalai Lama နှင့် အမေရိကန်နိုင်ငံ Indiana တွင်တွေ့ဆုံခဲ့ပြီး ၎င်းတို့၏ ဆွေးနွေးပြောဆိုချက်များ အပေါ် တရုတ်နိုင်ငံတွင်ဝေဖန်မူများ များစွာ ထွက်ပေါ်လျက်ရှိကြောင်းသိရသည်။

အဆိုပါ ဆွေးနွေးမူ Video သည် ၁၉ မိနစ်ခန့်ကြာမြင့်ပြီး ကြည့်ရူသူဦးရေ ၃ သန်းကျော်ရှိခဲ့ကြောင်းသိရသည်။ တရုတ်အစိုးရအနေဖြင့် Lady Ga Ga နှင့်ပက်သက်သည့် သီချင်း ၊ Videos နှင့် သူပါဝင်သည့် အရာအားလုံး အားအင်တာနက်ဝက်ဘ်ဆိုက်များပေါ်မှဖြစ်စေ အခွေဖြင့်ဖြစ်စေ လုံးဝ တားမြစ်ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

Lady Ga Ga သည် အာရှ တွင် ၀တ်စားဆင်ယင်မူနှင့်ပက်သက်၍ ပိတ်ပင်တားမြစ်ခံထားရ သော အခြားနိုင်ငံများလည်းရှိကြောင်းသိရသည်။ တရုတ်နိုင်ငံတွင်လည်း Lady Ga Ga အပြင် Oasis , Miley Cyrus , Jay Z, Bob Dylan နှင့် Bjork တို့ကိုပါ ပြည်ဝင်ခွင့်အပြင် အနုပညာလှုပ်ရှားခွင့်များ ကိုပါပိတ်ပင်ထား ကြောင်းသိရသည်။

Ref : CNET

 


Leave a Reply