UNICEF ႏွလုံးလွသံတမန္အျဖစ္ အိႏၵိယနိုင္ငံကို ပထမဆုံးအႀကိမ္ လာေရာက္လည္ပတ္ေနတဲ့ ေဒးဗစ္ဘက္ခမ္း

UNICEF ႏွလုံးလွသံတမန္လည္းျဖစ္တဲ့ အေက်ာ္အေမာေဘာလုံးသမားေဟာင္းေဒးဗစ္ဘက္ခမ္းဟာ မိန္းကေလးေတြအတြက္ သာတူညီမၽွမႈနဲ႔ စြမ္းေဆာင္နိုင္မႈေတြကို ျမႇင့္တင္ေပးဖို႔ အိႏၵိယနိုင္ငံကို အခုအပတ္မွာ အလည္အပတ္ေရာက္ရွိလာခဲ့ပါတယ္။ ၄ ရက္တာခရီးစဥ္အတြင္း ဘက္ခမ္းဟာ အိႏၵိယအစိုးရနဲ႔ ပူးေပါင္းၿပီး UNICEF ပံ့ပိုးေပးတဲ့အစီအစဥ္ေတြက မိန္းကေလးေတြနဲ႔ အမ်ိဳးသမီးေတြအတြက္ ဘယ္လို ကြဲျပားျခားနားမႈျဖစ္ေစလဲဆိုတာကို ကိုယ္တိုင္ျမင္ေတြ႕ခဲ့ရပါတယ္။
ဘက္ခမ္းက Wankhede Stadium မွာ ျပဳလုပ္တဲ့ India နဲ႔ New Zealand ခရစ္ကတ္ကစားပြဲဆီမီးဖိုင္နယ္မတိုင္ခင္ ခရစ္ကတ္အေက်ာ္အေမာ ဗီရက္ ကိုဟ္လီနဲ႔ ေတြ႕ဆုံခဲ့တဲ့အျပင္ ခရစ္ကတ္ကစားပြဲကိုလည္း ၾကည့္ရႈခဲ့ပါတယ္။
ဘက္ခမ္းဟာ ကေလးသူငယ္ေတြကို ေက်ာင္းဆက္တက္ေအာင္ ကူညီေပးၿပီး ကေလးထိမ္းျမားလက္ထပ္တာနဲ႔ ကေလးအလုပ္သမားေတြကို ျငင္းပယ္ဖို႔ ကေလးေတြကို အားေပးကူညီေပးတဲ့ အစိုးရအရာရွိေတြနဲ႔ တက္ႂကြလႈပ္ရွားသူေတြနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။
ဘက္ခမ္းဟာ ဂူဂ်ာရတ္တကၠသိုလ္ရဲ့ Vikram Sarabhai Children Innovation Centre က လူငယ္တီထြင္သူေတြနဲ႔ စြန႔္ဦးတီထြင္သူေတြကိုလည္း ေတြ႕ဆုံခဲ့ပါတယ္။ အမယ္ဒါဘတ္ၿမိဳ႕မွာေတာ့ သူက ေျပာင္းလဲမႈေတြကို ဖန္တီးေအာင္ လူငယ္ေတြကို လႈံ႔ေဆာ္ေပးဖို႔ လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္က Elixir နဲ႔ UNICEF တို႔ တည္ေထာင္ခဲ့တဲ့ Gujarat Youth Forum က ကေလးေတြနဲ႔ေတြ႕ဆုံခဲ့ပါတယ္။ အသက္ ၆ ႏွစ္မွာ ခရစ္ကတ္စကစားခဲ့ၿပီး အခု ခရစ္ကတ္အသင္းမွာ ေယာက္်ားေလးေတြၾကား တစ္ဦးတည္းမိန္းကေလးအသင္းသားျဖစ္ေနတဲ့ လူငယ္ခရစ္ကတ္ကစားသမား အသက္ ၁၂ ႏွ္အရြယ္ ပရာသာ ဗာနာနဲ႔လည္း စကားေျပာခဲ့ပါတယ္။ ခ်ိဳ႕တဲ့ႏြမ္းပါးတဲ့ ကင္ဆာေရာဂါသည္ေတြအတြက္ စာအုပ္ေရာင္းရေငြေတြကို လႉဒါန္းေပးေနတဲ့ အသက္ ၁၄ ႏွစ္အရြယ္ စာေရးဆရာမေလး အာရာ ခ်ာဗဒါနဲ႔လည္း ေတြ႕ဆုံျဖစ္ခဲ့ပါတယ္။
“UNICEF ႏွလုံးလွသံတမန္ ေဒးဗစ္ဘက္ခမ္းရဲ့ အိႏၵိယနိုင္ငံ ခရီးစဥ္ဟာ ကေလးတိုင္းအတြက္ တန္းတူအခြင့္အလမ္းနဲ႔ အခြင့္အေရးေတြရဲ့ အေရးပါမႈဆိုင္ရာ သတင္းစကားကို မီးေမာင္းထိုးျပေနပါတယ္။ သူ႔ရဲ့ခရီးစဥ္က အထူးသျဖင့္ မိန္းကေလးအားလုံးကို တန္းတူရည္တူအခြင့္အလမ္းေတြ ပံ့ပိုးေပးဖို႔ UNICEF ရဲ့မစ္ရွင္ကို အားျဖည့္ေပးပါတယ္” လို႔ UNICEF India ကိုယ္စားလွယ္ စင္သီယာ မက္ကာဖရီက ဆိုပါတယ္။ #yoyarlay

===============

UNICEF နှလုံးလှသံတမန်အဖြစ် အိန္ဒိယနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်လည်ပတ်နေတဲ့ ဒေးဗစ်ဘက်ခမ်း

UNICEF နှလုံးလှသံတမန်လည်းဖြစ်တဲ့ အကျော်အမောဘောလုံးသမားဟောင်းဒေးဗစ်ဘက်ခမ်းဟာ မိန်းကလေးတွေအတွက် သာတူညီမျှမှုနဲ့ စွမ်းဆောင်နိုင်မှုတွေကို မြှင့်တင်ပေးဖို့ အိန္ဒိယနိုင်ငံကို အခုအပတ်မှာ အလည်အပတ်ရောက်ရှိလာခဲ့ပါတယ်။ ၄ ရက်တာခရီးစဉ်အတွင်း ဘက်ခမ်းဟာ အိန္ဒိယအစိုးရနဲ့ ပူးပေါင်းပြီး UNICEF ပံ့ပိုးပေးတဲ့အစီအစဉ်တွေက မိန်းကလေးတွေနဲ့ အမျိုးသမီးတွေအတွက် ဘယ်လို ကွဲပြားခြားနားမှုဖြစ်စေလဲဆိုတာကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပါတယ်။
ဘက်ခမ်းက Wankhede Stadium မှာ ပြုလုပ်တဲ့ India နဲ့ New Zealand ခရစ်ကတ်ကစားပွဲဆီမီးဖိုင်နယ်မတိုင်ခင် ခရစ်ကတ်အကျော်အမော ဗီရက် ကိုဟ်လီနဲ့ တွေ့ဆုံခဲ့တဲ့အပြင် ခရစ်ကတ်ကစားပွဲကိုလည်း ကြည့်ရှုခဲ့ပါတယ်။
ဘက်ခမ်းဟာ ကလေးသူငယ်တွေကို ကျောင်းဆက်တက်အောင် ကူညီပေးပြီး ကလေးထိမ်းမြားလက်ထပ်တာနဲ့ ကလေးအလုပ်သမားတွေကို ငြင်းပယ်ဖို့ ကလေးတွေကို အားပေးကူညီပေးတဲ့ အစိုးရအရာရှိတွေနဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဘက်ခမ်းဟာ ဂူဂျာရတ်တက္ကသိုလ်ရဲ့ Vikram Sarabhai Children Innovation Centre က လူငယ်တီထွင်သူတွေနဲ့ စွန့်ဦးတီထွင်သူတွေကိုလည်း တွေ့ဆုံခဲ့ပါတယ်။ အမယ်ဒါဘတ်မြို့မှာတော့ သူက ပြောင်းလဲမှုတွေကို ဖန်တီးအောင် လူငယ်တွေကို လှုံ့ဆော်ပေးဖို့ လွန်ခဲ့တဲ့ ၂ နှစ်လောက်က Elixir နဲ့ UNICEF တို့ တည်ထောင်ခဲ့တဲ့ Gujarat Youth Forum က ကလေးတွေနဲ့တွေ့ဆုံခဲ့ပါတယ်။ အသက် ၆ နှစ်မှာ ခရစ်ကတ်စကစားခဲ့ပြီး အခု ခရစ်ကတ်အသင်းမှာ ယောက်ျားလေးတွေကြား တစ်ဦးတည်းမိန်းကလေးအသင်းသားဖြစ်နေတဲ့ လူငယ်ခရစ်ကတ်ကစားသမား အသက် ၁၂ နှ်အရွယ် ပရာသာ ဗာနာနဲ့လည်း စကားပြောခဲ့ပါတယ်။ ချို့တဲ့နွမ်းပါးတဲ့ ကင်ဆာရောဂါသည်တွေအတွက် စာအုပ်ရောင်းရငွေတွေကို လှူဒါန်းပေးနေတဲ့ အသက် ၁၄ နှစ်အရွယ် စာရေးဆရာမလေး အာရာ ချာဗဒါနဲ့လည်း တွေ့ဆုံဖြစ်ခဲ့ပါတယ်။
“UNICEF နှလုံးလှသံတမန် ဒေးဗစ်ဘက်ခမ်းရဲ့ အိန္ဒိယနိုင်ငံ ခရီးစဉ်ဟာ ကလေးတိုင်းအတွက် တန်းတူအခွင့်အလမ်းနဲ့ အခွင့်အရေးတွေရဲ့ အရေးပါမှုဆိုင်ရာ သတင်းစကားကို မီးမောင်းထိုးပြနေပါတယ်။ သူ့ရဲ့ခရီးစဉ်က အထူးသဖြင့် မိန်းကလေးအားလုံးကို တန်းတူရည်တူအခွင့်အလမ်းတွေ ပံ့ပိုးပေးဖို့ UNICEF ရဲ့မစ်ရှင်ကို အားဖြည့်ပေးပါတယ်” လို့ UNICEF India ကိုယ်စားလှယ် စင်သီယာ မက်ကာဖရီက ဆိုပါတယ်။ #yoyarlay