ဧပြီလအတွက် ထိုင်းပရီးမီးယားလိဂ်ပြိုင်ပွဲ အကောင်းဆုံးသွင်းဂိုးဆုကို ရရှိခဲ့တဲ့ အောင်သူ

ဧပြီလအတွက် Goal.com က ရွေးချယ်တဲ့ အကောင်းဆုံး ကစားသမားဆု

ထိုင်းပရီးမီးယားလိဂ် ကလပ်အသင်းဖြစ်တဲ့ ပုလိစ်တယ်ရိုအသင်းမှာ ကစားနေခဲ့တဲ့ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူ ပတ္တရား ယူနိုက်တက်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးက ဧပြီလအတွက် အကောင်းဆုံးသွင်းဂိုးအဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

ဒီပွဲစဉ်မှာ အောင်သူအနေနဲ့ ပွဲချိန် (၈၂) မိနစ်မှာ အသင်းဖော်တွေ ကွင်းလယ်နားကနေ ပေးပို့ခဲ့တဲ့ ဘောလုံးကို ပြိုင်ဘက်အသင်း နောက်ခံကစားသမား (၂) ဦးလောက်ကို လှည့်ထွက်ပြီး ပြိုင်ဘက်ကစားသမား (၄) ဦးလောက် လိုက်လံဟန့်တားနေတဲ့ ကြားထဲ့ကနေ အောင်သူ ဂိုးဧရိယာထိပ်ကနေ ဂိုးတိုင်ရဲ့ အပေါ်ကို ကန်သွင်းယူပြိး အသင်းအတွက် ဦးဆောင်ဂိုး ရယူပေးခဲ့တာဖြစ်ပါတယ်။

ဒီသွင်းဂိုးမှာ အောင်သူရဲ့ ဘောလုံးစွမ်းဆောင်ရည် နဲ့ ဂိုးသွင်းအမြင်တွေကို မြင်တွေ့ခဲ့ရပြီး ထိုင်းလိဂ်ပြိုင်ပွဲရဲ့ ယခုနှစ်ရာသီ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးကိုဆိုတာကို အောင်သူ ပြသထားနိုင်ခဲ့တဲ့ သွင်းဂိုးဖြစ်ခဲ့ပါတယ်။ ပုလိစ်တယ်ရိုအသင်းအတွက် အောင်သူခြေစွမ်းပြသပြီး သွင်းဂိုး (၈) ဂိုးဒီရာသီမှာ သွင်းယူထားနိုင်ခဲ့ပြီဖြစ်သလို အသင်းဖော် မာတင်အင်ဒရီ နဲ့တွဲဖက်ပြီးလည်း အသင်းရဲ့တိုက်စစ်ကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ပုလိစ်တယ်ရိုအသင်း ဒီရာသီမှာ သွင်းဂိုး စုစုပေါင်း (၂၅) ဂိုးသွင်းယူထားခဲ့ပြီး အောင်သူ နဲ့ အင်ဒရီတို့ သွင်းယူထားခဲ့တဲ့ သွင်းဂိုးအရေအတွက်က (၁၅) ဂိုးထိရှိနေခဲ့ပါတယ်။ ပါဝင်ကစားတဲ့ ပွဲစဉ်တိုင်းမှာ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် Man of the match ဆုတွေကိုလည်း အောင်သူပိုင်ဆိုင်ထားနိုင်ခဲ့ပြီး ဧပြီလအတွက် Goal.com က ရွေးချယ်တဲ့ အကောင်းဆုံး ကစားသမား ဆုကိုလည်း ရရှိထားနိုင်ခဲ့ပါတယ်။

ပုလိစ်တယ်ရိုအသင်းဟာ လာမယ့်ပွဲစဉ်မှာ ထိုင်းပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေခဲ့တဲ့ ဘူရီယမ်အသင်းနဲ့ ရင်ဆိုင်ကစားရမှာဖြစ်လို့ အောင်သူရဲ့ သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေကို ဆက်လက်မြင်တွေ့ခွင့် ရရှိမလား အောင်သူအသင်းအတွက် ရလဒ်ကောင်း ဖန်တီးပေးနိုင်မလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပြီး အောင်သူရဲ့ စွမ်းဆောင်ရည်ကို မှတ်ကျောက်တင်နိုင်မယ့် ပွဲစဉ်တွေထဲက တစ်ပွဲဖြစ်လာဖို့ ရှိနေပါတယ်။

Photos:Police Tero FC Official Facebook Page

FOX SPORTS Asia